ငလျင်ဒဏ်သင့် ထိခိုက်ပျက်စီးမှုများကို အကဲဖြတ်ရန် တရုတ်ကျွမ်းကျင်ပညာရှင်များ ရောက်ရှိ

News image

တရုတ် ကျွမ်းကျင်အကဲဖြတ်မှုအဖွဲ့

ငလျင်ဘေးဒဏ်သင့်မှုကြောင့် ထိခိုက်ပျက်စီးအခြေအနေများကို စုံစမ်းစစ်ဆေးရန်နှင့် အကဲဖြတ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် တရုတ်ကျွမ်းကျင်ပညာရှင်များ ရောက်ရှိလာကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၇) ရက်နေ့တွင် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအစိုးရ၏ တောင်းဆိုချက်အရ ငလျင်အလွန် ပြန်လည်ထူထောင်ရေး၊ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်လျှော့ချရေးတို့အတွက် အရေးပါသည့် သိပ္ပံနည်းကျ အထောက်အထားများ ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။

ငလျင်ကြီးလှုပ်စဉ် အရှိန်ဖြင့်မောင်းနှင်လာသော ရထားကိုရပ်တန့်နိုင်ခဲ့သူများကို ဆုများချီးမြှင့်

News image

ရထားစက်မောင်းတာဝန်ခံနှစ်ဦး ဂုဏ်ပြု

မတ် (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီး စတင်ဖြစ်ပွားစဉ်အတွင်း (၁)နာရီလျှင် ကီလို(၁၀၀)နှုန်းခန့် မောင်းနှင်နေသည့် ခရီးသည်များပါသည့် ရထားကို ရပ်တန့်နိုင်ခဲ့ကာ ဘေးကင်းအောင် ပြုလုပ်ပေးနိုင်ခဲ့သည့် ရထားစက်မောင်းတာဝန်ခံနှစ်ဦးကို မြန်မာ့မီးရထားမှ ဂုဏ်ပြုခဲ့ကြောင်းသိရသည်။
မတ်လ (၂၈)ရက် နေ့လယ် (၁၂)နာရီ (၅၂)မိနစ်ခန့်က နေပြည်တော်မှ မန္တလေးကိုသွားမည့် လေအိတ်အမြန်ရထားကို မောင်းနှင်နေချိန်၌ ငလျင်ကြီးနှင့် ကြုံခဲ့ရခြင်းဖြစ်သည်။

ငလျင်ဒဏ်နှင့် သဘာဝဘေးအန္တရာယ်သင့်ပြည်သူများနှင့် ငြိမ်းချမ်းရေးအတွက် ဆုတောင်းမေတ္တာပို့သ

News image

စုပေါင်းမေတ္တာပို့

ရန်ကုန် မေ ၁

မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြု ဗဟိုကော်မတီကကြီးမှူးကျင်းပသည့် ငလျင်ဒဏ်နှင့်သဘာဝဘေးအန္တရာယ်သင့်ပြည်သူများနှင့် ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်းအစီအစဉ်ကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ် အလံပြဘုရားလမ်းရှိ မက်သဒစ်အင်္ဂလိပ်အသင်းတော် ဘုရားရှိခိုးကျောင်း၌ ကျင်းပသည်။

ပွင့်ဖြူမြို့နယ်၌ ငှက်ပျောဈေးကွက် ကောင်းမွန်၍ စိုက်ပျိုးတောင်သူများ အဆင်ပြေ

News image

ငှက်ပျော

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ငှက်ပျောဈေးကွက် ကောင်းမွန်လာသဖြင့် ငှက်ပျောစိုက်ပျိုးတောင်သူများ အကျိုးအမြတ်ရရှိ၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း၌ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအတွက် လေ့ကျင့်သင်ကြားရေးစခန်းများဖွင့်လှစ်၍ သင်ခန်းစာများအား အနီးကပ်သင်ကြားပို့ချပေးလျက်ရှိ

News image

တက္ကသိုလ်ဝင်စာမေးပွဲ အနီးကပ်သင်ကြားပို့ချ

မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများပျက်စီးခဲ့ရသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန် ၁၆ ရက်တွင် ပြန်လည်ဖြေဆိုကြရမည်ဖြစ်ရာ ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် သတ်မှတ်ထားသည့်ကျောင်းများ၌ လေ့ကျင့်သင်ကြားရေးစခန်းများဖွင့်လှစ်၍ တက္ကသိုလ်များမှ ပါမောက္ခများနှင့် အခြေခံပညာ ဆရာ ဆရာမများက သင်ခန်းစာများကို အနီးကပ်သင်ကြားပို့ချပေးလျက်ရှိသည်။ 

Neighbouring Countries Economic Development Agency (Public Organization) Ministry of Finance-NEDAအဖွဲ့မှ မန္တလေးမြေငလျင်ကြီးဘေးဒဏ်သင့်ခံခဲ့ရသူများအတွက်ပြန်လည်ထူထောင်ရေးကြိုးပမ်းဆောင်ရွက်မှုများကို ပံ့ပိုးကူညီရန် လာရောက်လှူဒါန်း

News image

NEDA မှလာရောက်လှူဒါန်း

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီးဇော်ဇော်စိုးထံသို့ Neighbouring Countries Economic Development Agency (Public Organization) Ministry of Finance - NEDA ၂၉-၄-၂၀၂၅ ရက်နေ့တွင် မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ မန္တလေးမြေငလျင်ကြီးဘေးဒဏ်သင့်ခံခဲ့ရသူများအတွက် ပြန်လည်ထူထောင်ရေးကြိုးပမ်းဆောင်ရွက်မှုများကို ပံ့ပိုးရန် ထိုင်းဘတ် ၁,၀၀၀,၀၀၀ ပမာဏဖြင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ပေးအပ်ခဲ့သည်။ 

မြန်မာ့သရက်သီးနှင့် သရက်သီးခြောက်များကိုဝယ်ယူရန် ရုရှားနိုင်ငံမှကမ်းလှမ်း

News image

သရက်သီး

မြန်မာ့ဒေသထွက် သရက်သီးနှင့် သရက်သီးခြောက်ကို ရုရှားနိုင်ငံသို့တင်ပို့ရန် ရုရှားစီးပွားရေးလုပ်ငန်းရှင်များက ကမ်းလှမ်းလာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။