Neighbouring Countries Economic Development Agency (Public Organization) Ministry of Finance-NEDAအဖွဲ့မှ မန္တလေးမြေငလျင်ကြီးဘေးဒဏ်သင့်ခံခဲ့ရသူများအတွက်ပြန်လည်ထူထောင်ရေးကြိုးပမ်းဆောင်ရွက်မှုများကို ပံ့ပိုးကူညီရန် လာရောက်လှူဒါန်း

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီးဇော်ဇော်စိုးထံသို့ Neighbouring Countries Economic Development Agency (Public Organization) Ministry of Finance - NEDA ၂၉-၄-၂၀၂၅ ရက်နေ့တွင် မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ မန္တလေးမြေငလျင်ကြီးဘေးဒဏ်သင့်ခံခဲ့ရသူများအတွက် ပြန်လည်ထူထောင်ရေးကြိုးပမ်းဆောင်ရွက်မှုများကို ပံ့ပိုးရန် ထိုင်းဘတ် ၁,၀၀၀,၀၀၀ ပမာဏဖြင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ပေးအပ်ခဲ့သည်။ 

အဆိုပါထည့်ဝင်လှူဒါန်းမှုသည် လတ်တလောဖြစ်ပွားနေသော အရေးပေါ်လိုအပ်ချက်များကို ကူညီပေးမည်ဖြစ်ပြီး အခက်အခဲများကို ရင်ဆိုင်နေရသူများအတွက် အဆင်ပြေစေရန်ဖြစ်ကြောင်း သိရသည်။