ဌာနအကြောင်း
နောက်ခံသမိုင်းကြောင်း
မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၈/၂၀၂၂) သဘောတူခွင့် ပြုချက်ဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။
ရည်ရွယ်ချက်
မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရာတွင် နိုင်ငံပိုင်မီဒီယာ၏အခန်းကဏ္ဍမှာ နိုင်ငံတော်အစိုးရ၏ ရန်ပုံငွေဖြင့် ဆောင်ရွက်နိုင်သော်လည်း နည်းပညာ ပြောင်းလဲမှုနှင့်အတူ ပုဂ္ဂလိကမီဒီယာများ၏ အခန်းကဏ္ဍကျဆင်းလာမှုကို အထောက်အပံ့ပေးနိုင်ရန်နှင့် ပုဂ္ဂလိကမီဒီယာကဏ္ဍ ရှင်သန်တိုးတက်ပြီး နိုင်ငံတော်၏ တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် စတုတ္ထမဏ္ဍိုင်ပီသစွာ အထောက်အကူပေးနိုင်ရေးကို ရည်ရွယ်ပါသည်။
ဌာနခွဲများနှင့်လုပ်ငန်းတာဝန်များ
(၁) စီမံအုပ်ချုပ်ရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
- ( က ) ဝန်ထမ်းရေးရာကိစ္စရပ်များကို နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီဆောင်ရွက်ပေးခြင်း။
- ( ခ ) မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသင်တန်းများ စီစဉ်ဆောင်ရွက်ပေးခြင်း။
- ( ဂ ) မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအောက်ရှိ ဝန်ထမ်းလစာ၊ ဝင်ငွေနှင့် အသုံးစရိတ်များကိစ္စ၊ ဘတ်ဂျတ်ရေးဆွဲခြင်းကိစ္စ၊ငွေစာရင်းများပြုစုရေး ကိစ္စနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စများကို စနစ်တကျဆောင်ရွက်ခြင်း။
(၂) ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းရေးဌာနခွဲ
- ( က ) မီဒီယာဖွံ့ဖြိုးတိုးတက်ကောင်းမွန်ရေးအတွက် ဒေသတွင်းနှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်နိုင်ရေး ဆက်သွယ်ဆောင်ရွက်ခြင်း။
- ( ခ ) မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတကာကွန်ဗန်းရှင်းများ၊ စာချုပ်များနှင့် သဘောတူစာချုပ်များသို့ ဝင်ရောက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ခြင်း။
- ( ဂ ) နိုင်ငံတကာဆက်ဆံရေးနှင့်စပ်လျဉ်း၍ လိုအပ်သောညွှန်ကြားချက်များ ထုတ်ပြန်နိုင်ရေးဆောင်ရွက်ခြင်း။
- ( ဃ ) မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဆောင်ရွက်ချက်များနှင့် အခြားဖြန့်ဝေလိုသည့် သတင်းအချက်အလက်များကို ပြည်တွင်းပြည်ပသတင်းစာများနှင့် စာစောင်များတွင် သတင်း ဆောင်းပါးများ ရေးသားပေးပို့ခြင်း၊ လက်ကမ်းစာစောင်များနှင့် video/audio materials များအား ဖြန့်ဝေခြင်း၊ ဦးစီးဌာန၏ website လွှင့်တင်ခြင်း။
- ( င ) ပြည်သူလူထုအား မီဒီယာဆိုင်ရာ အသိပညာများဖြန့်ဝေနိုင်ရေးအတွက် လုပ်ငန်းစီမံချက်များ ရေးဆွဲခြင်း၊ ပရောဂျက်များရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
- ( စ ) မီဒီယာဖွံ့ဖြိုးတိုးတက်ရေး၊ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးတို့အတွက် တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်မည့် ယန္တရားတည်ဆောက်ခြင်း။
(၃) မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ
- ( က ) ပြည်သူများအတွက်မှန်ကန်သော သတင်းအချက်အလက်များ သိရှိပိုင်ခွင့်ရရှိရေး ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်ခြင်းနှင့် မီဒီယာများစုံလင်စွာပါသော မီဒီယာဗဟုဝါဒမြှင့်တင်ရေးတို့ ကိုဆောင်ရွက်ခြင်း။
- ( ခ ) မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ စာပေဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်စပ်သည့် လုပ်ငန်းများနှင့် ပေါင်းစပ်ညှိနှိုင်းခြင်း။
- ( ဂ ) သတင်းမီဒီယာသမားများ၏ အကျိုးစီးပွားကာကွယ်စောင့်ရှောက်နိုင်ရေးနှင့် သတင်းမီဒီယာသမားများ၏ အခွင့်အရေးနှင့်တာဝန်ကို မှန်ကန်စွာ ထိန်းကျောင်းခြင်း။
- ( ဃ) မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Myanma Media Development Group- MMDG) ဆိုင်ရာကိစ္စများ ဆောင်ရွက်ခြင်း။
- ( င ) ပြည်တွင်းပုဂ္ဂလိကမီဒီယာကဏ္ဍရှင်သန်ရပ်တည်နိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ရမည့်ကိစ္စရပ်များကို စိစစ်ဆောင်ရွက်ခြင်း။
- ( စ ) ပုဂ္ဂလိကမီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း၊ ပြည်သူများသတင်းအချက်အလက်သိရှိပိုင်ခွင့်ကို မြှင့်တင်ပေးနိုင်ရန်အတွက် ဆောင်ရွက်ခြင်း၊ လူမှုတာဝန်သိသော မီဒီယာများဖြစ်ပေါ်စေရေးဆောင်ရွက်ခြင်းနှင့် မီဒီယာများစုံလင်စွာပါဝင်သည့် မီဒီယာဗဟုဝါဒမြှင့်တင်ရေး ဆောင်ရွက်ခြင်း။
- ( ဆ ) ပြန်ကြားရေးဝန်ကြီးဌာန၏ မီဒီယာပြုပြင်ပြောင်းလဲရေးစီမံချက်ကို အောင်မြင်စွာဆောင်ရွက်နိုင်ရေး အခြားအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။
ရုံးတည်နေရာ
မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၇)၊ နေပြည်တော်။(ရုံးချုပ်)
မြန်မာမီဒီယာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Myanmar Media Development Group- MMDG)
ပုဂ္ဂလိကမီဒီယာကဏ္ဍ ရှင်သန်ရပ်တည်ဖွံ့ဖြိုးတိုးတက်ပြီး မီဒီယာကျင့်ဝတ်နှင့်အညီ ညီညွတ်၍ လူမှုတာဝန်သိသော မီဒီယာများ ဖြစ်ပေါ်လာစေရန် အတွက် ပြည်တွင်း ပြည်ပမီဒီယာများ/အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ရန် “မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Myanmar Media Development Group-MMDG)” ကို ၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် အမိန့် ကြော်ငြာစာအမှတ်၊ ၃၈/၂၀၂၃ ဖြင့် ဖွဲ့စည်းထားရှိပါသည်။
“မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Myanmar Media Development Group-MMDG)” ၏ လုပ်ငန်းတာဝန်များ
ပုဂ္ဂလိကမီဒီယာကဏ္ဍ ရှင်သန်ရပ်တည်ဖွံ့ဖြိုးတိုးတက်ပြီး မီဒီယာကျင့်ဝတ်နှင့်အညီ ညီညွတ်၍ လူမှုတာဝန်သိသော မီဒီယာများ ဖြစ်ပေါ်လာစေရန် အတွက် ပြည်တွင်း ပြည်ပမီဒီယာများ/အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ရန် “မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Myanmar Media Development Group-MMDG)” ကို ၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် အမိန့် ကြော်ငြာစာအမှတ်၊ ၃၈/၂၀၂၃ ဖြင့် ဖွဲ့စည်းထားရှိပါသည်။
- ( က ) မြန်မာမီဒီယာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒများနှင့်လုပ်ငန်းစဉ်များ ရေးဆွဲချမှတ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။
- ( ခ ) မြန်မာနိုင်ငံရှိ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက် UNESCO အပါအဝင် ပြည်တွင်း/ပြည်ပရှိ မီဒီယာဖွံ့ဖြိုးရေးဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊မီဒီယာ ကျွမ်းကျင်သူများနှင့်ညှိနှိုင်း၍ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ၊ ဟောပြောပွဲများ၊ Seminar များကို အခါအားလျော်စွာ စီစဉ်ကျင်းပခြင်းနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း။
- ( ဂ ) မြန်မာမီဒီယာဖွံ့ဖြိုးတိုးတက်ရေးကို စေတနာအမှန်ဖြင့် လိုလား၍ ပူးပေါင်းကူညီလိုသော ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရင်း ပြည်သူများသတင်းသိရှိပိုင်ခွင့်ကို ပိုမိုရရှိရေးဆောင်ရွက်ပေးခြင်း။
- ( ဃ) မြန်မာနိုင်ငံရှိ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း/ပြည်ပရှိ မီဒီယာဖွံ့ဖြိုးရေးအဖွဲ့အစည်းများ၏ အပြုသဘောဆောင်သည့် ဝေဖန်ထောက်ပြ အကြံပြုချက်များအပေါ်သုံး သပ်၍ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးမှတစ်ဆင့် ဥက္ကဌထံသို့ တင်ပြခြင်း။
- ( င ) မြန်မာမီဒီယာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သို့ တင်ပြလာသည့် အသင်းအဖွဲ့များ၊ အစည်းအရုံးများ၏ အကြံပြုချက်များ၊ အစီရင်ခံစာများ၊ ဆောင်ရွက်လိုသည့် တင်ပြချက်များကိုစိစစ်ခြင်း၊ သုံးသပ်တင်ပြခြင်း။
- ( စ ) နိုင်ငံတကာမီဒီယာအဖွဲ့အစည်းများတွင် မြန်မာ့မီဒီယာအဖွဲ့များ ဂုဏ်သိက္ခာရှိစွာဖြင့် နိုင်ငံနှင့်ပြည်သူကို ကိုယ်စားပြု၍ ပါဝင်နိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း။
- ( ဆ) စာပေ၊ သတင်းမီဒီယာ၊ ရုပ်ရှင်၊ သဘင်၊ ရုပ်သံလွှင့်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်စပ်သည့် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်း။
- ( ဇ ) လွတ်လပ်ပြီး ပြည်ပမှ လွှမ်းမိုးမှုနှင့် အမှီအခိုကင်းသည့် မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် မီဒီယာကဏ္ဍအသီးသီးမှ အဖွဲ့အစည်းများ၊ ပါဝင်ဆောင်ရွက်သူများအတွက်သင်တန်းများ၊ နည်းပညာအထောက်အပံ့များနှင့် အထောက်အကူပြုပစ္စည်းများ ပံ့ပိုးဖြည့်ဆည်းကူညီဆောင်ရွက်ပေးခြင်း။
- ( ဈ ) သတင်းမီဒီယာသမားများနှင့်ပတ်သက်သည့် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများကို စိစစ်သုံးသပ်၍၊ လေ့လာသုံးသပ်၍ ခေတ်အခြေအနေများနှင့်လျော်ညီအောင် လိုအပ်သည်များကို ပြင်ဆင်ဖြည့်စွက်/အသစ်ပြဌာန်းနိုင်ရန် အကြံပြုတင်ပြခြင်း။
- ( ည) ပြည်တွင်းမီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို ဖော်ထုတ်နိုင်ရေးအတွက် လိုအပ်သည့် လေ့လာမှုများနှင့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် ဖွံ့ဖြိုးရေးမဟာဗျူဟာစီမံချက်များ ရေးဆွဲခြင်း။
- ( ဋ ) ဒီဂျစ်တယ်မီဒီယာများ၊ Mobile Application များနှင့် လူမှုကွန်ရက် မီဒီယာများ အသုံးပြုခြင်းအပါအဝင် နိုင်ငံအတွင်း မီဒီယာကဏ္ဍတွင် နည်းပညာအသုံးပြုမှု နှင့် ဒီဂျစ်တယ်မီဒီယာသိနားလည်မှု မြှင့်တင်ခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ခြင်း။
- ( ဌ ) မီဒီယာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်နိုင်မှု (၃)လပတ်၊ (၆) လပတ်၊ နှစ်ချုပ်အစီရင်ခံစာများ ပြုစု၍ အတွင်းရေးမှူး၊ တွဲဖက်အတွင်း ရေးမှူးမှတစ်ဆင့်ဥက္ကဌ ထံသို့ တင်ပြခြင်း။
နေပြည်တော် (ရုံးချုပ်)
ပြန်ကြားရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၇)၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန။
ဖုန်းနံပါတ် - ၀၆၇၃-၄၁၂၈၆၂