ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ပြည်တွင်း/ ပြည်ပမှ အကူအညီ၊ အထောက်အပံ့ရရှိနိုင်ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
News image

ငလျင်ဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် ပြည်တွင်း/ပြည်ပမှ အကူအညီ၊ အထောက်အပံ့များ ရရှိနိုင်ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကော်မတီဒုတိယဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အ
ကျောင်းဖွင့်ကာလဇွန်လတွင်Naypyitaw State Academyအဆင်သင့်ဖြစ်ရေး အသေးစားထိခိုက်မှုများပြင်ဆင်
News image

နေပြည်တော် ဧပြီ ၂၉
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy သို့သွားရောက်၍ လာမည့်ဇွန်လကျောင်းဖွင့်ချိန်တွင် အဆင်သင့်ဖြစ်စေရေး ငလျင်ဒဏ်ကြောင့်ဖြစ်ပေါ်နေသော အသေးစားထိခိုက်မှုများ ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအတွက် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တားကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းဆောင်ရွက်
News image

ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအတွက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တားကာကွယ် ဆေးတိုက်ကျွေးခြင်း လုပ်ငန်းကို (၂၈.၄.၂၀၂၅)ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့သည်။
အများပြည်သူသို့ အသိပေးကြေညာချက်
News image

၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
ငါးမွေးမြူရေးကန်များ အပူချိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်
News image

နေအပူချိန်မြင့်မားလွန်ကဲမှုကြောင့် ငါးမွေးမြူရေးကန်များရှိ ကန်ရေများရေငွေ့ပြန်ပြီး ရေလျော့နည်းကျဆင်းလာသဖြင့် ကန်ထဲရှိငါးများ၏ စွန့်ပစ်အညစ် အကြေးကြောင့်သော်လည်းကောင်း၊ မွေးမြူထားသောငါးများကို အစာကျွေးလွန်ကဲသဖြင့် စားကြွင်းစားကျန်များကြောင့်သော်လည်းကောင်း၊ ရေထုညစ်ညမ်းပြီး ဆက်စပ်၍ ငါးရောဂါကျရောက်တတ်သဖြင့် သြဇာဓာတ်ထည့်သွင်းခြင်းနှင့် ငါးအစာအလွန်အကျွံကျွေးခြင်းကို လျှော့ချပေးပါရန်။
ထိခိုက်ပျက်စီးခဲ့သည့်စက်ပစ္စည်းကိရိယာများကို အမြန်ဆုံးစစ်ဆေးပြုပြင်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေး စီမံဆောင်ရွက်
News image

နေပြည်တော် ဧပြီ ၂၆
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့်အတူ မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်ရှိ အမှတ်(၇) အထည်စက်ရုံ(မြစ်သား)၊ ကျောက်ဆည်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်ရောင်း)တို့သို့ရောက်ရှိပြီး စက်ရုံပြန်လည်လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်နေမှုနှင့် ပြုပြင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။