မြန်မာ့သရက်သီးနှင့် သရက်သီးခြောက်များကိုဝယ်ယူရန် ရုရှားနိုင်ငံမှကမ်းလှမ်း

မြန်မာ့ဒေသထွက် သရက်သီးနှင့် သရက်သီးခြောက်ကို ရုရှားနိုင်ငံသို့တင်ပို့ရန် ရုရှားစီးပွားရေးလုပ်ငန်းရှင်များက ကမ်းလှမ်းလာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။

ရုရှားနိုင်ငံမှ စိန်တလုံးသရက်သီးကို အဓိကဝယ်ယူရန် စိတ်ဝင်စားပြီး သရက်သီးအပြင် သရက်သီးခြောက်များကို ဝယ်ယူရန်ကမ်းလှမ်းထားသဖြင့် ချိတ်ဆက်ဝယ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။မြန်မာ့ဒေသထွက်ကုန် သရက်သီးနှင့်သရက်သီးခြောက်များကို မြန်မာ-ရှရှား စီးပွားရေးကောင်စီနှင့် အဖွဲ့ဝင်များအနေဖြင့် ယခု ၂၀၂၅ ခုနှစ်အတွင်းမှစတင်ကာ ဝယ်ယူမှာဖြစ်ကြောင်းနှင့် ဝယ်ယူရာတွင် သရက်သီးရောင်းဝယ်ရေးလုပ်ကိုင်နေကြသူများ၊ သရက်သီးစိုက်ပျိုးသည့်တောင်သူများနှင့် ချိတ်ဆက်ဝယ်ယူနိုင်ရေး ဆောင်ရွက်နေပြီး တိုက်ရိုက်ချိတ်ဆက်ဝယ်ယူမည်ဖြစ်ကြောင်း၊ သရက်သီးစိုက်ပျိုးရောင်းချသူများနှင့် သရက်သီးအဓိက ရောင်းချသည့် လုပ်ငန်း/ကုမ္ပဏီများအနေဖြင့်  မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ထံသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရှိရသည်။