
2nd ASEAN-Pakistan Business Opportunities Conference ကျင်းပမည်
ပါကစ္စတန်နိုင်ငံ၊ အစ္စလာမာဘတ်မြို့၌ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပ ပြုလုပ်မည့် 2nd ASEAN-Pakistan Business Opportunities Conference သို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ၃ ဦးထက်မနည်း ပါဝင်တက်ရောက်နိုင်ကြောင်း သိရှိရသည်။
အဆိုပါ Conference တွင် ချည်ထည်နှင့်အဝတ်အစားများ၊ သတင်းအချက်အလက်နှင့်နည်းပညာ၊ သားရေ၊ ငါးလုပ်ငန်း၊ ခွဲစိတ်ခန်းသုံးပစ္စည်းများ၊ အဖျော်ယမကာ၊ အသီးအနှံများနှင့် ဟင်းသီး ဟင်းရွက်များစသည့် နယ်ပယ်များတွင် လုပ်ကိုင်လျက်ရှိသော အာဆီယံနိုင်ငံများမှ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်သည်။ အဆိုပါ conferenceသို့ မြန်မာနိုင်ငံမှစီးပွားရေး လုပ်ငန်းရှင် အနည်းဆုံး (၃) ဦးကို အဆိုပြုပေးစေလိုကြောင်း၊ ကိုယ်စားလှယ်များအတွက် အသွား/ အပြန် လေယာဉ်လက်မှတ်၊ နေထိုင်စားသောက်စရိတ်နှင့် ပြည်တွင်း သွားလာစရိတ်ကို ASEAN Pakistan Cooperation Fund မှ ကျခံပေးမည်ဖြစ်သည့်အတွက် လျှောက်ထားလိုသူများအနေဖြင့် အမည်၊ ကိုယ်ရေးအချက်အလက်အပြည့်အစုံ၊ ပတ်စပို့ဓါတ်ပုံ (၁) ပုံနှင့် နိုင်ငံကူးလက်မှတ်မိတ္တူ (၁) စုံတို့ကို Hard Copy ဖြင့် ဂျကာတာမြို့ရှိ ပါကစ္စတန် သံရုံးသို့လည်းကောင်း၊ Soft Copy ကို parepjakarta@mofa.gov.pk နှင့် parepjakata@gmail.com သို့လည်းကောင်း တိုက်ရိုက်ပေးပို့ နိုင်ပါကြောင်းနှင့် တက်ရောက်လိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် parep-jakarta @mofa.gov.pk နှင့် parepjakata@gmail.com email များသို့ တိုက်ရိုက်ပေးပို့နိုင်ပါကြောင်းနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇ ၄၀၈၆၂၂၊ E-mail: event.td.myantrade@gmail.com သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်း နိုင်ပါကြောင်း သိရှိရသည်။

Smart Farm Korea 2025 (SFKOREA 2025 ) ပြပွဲ ကျင်းပမည်
ကိုရီးယားသမ္မတနိုင်ငံ၏Gyeongsangnam-do ပြည်နယ်၊ Changwon မြို့ရှိ Changwon Convention Center (CECO) ၌ Smart Farm Korea 2025 (SFKOREA 2025 ) ကို ၂၀၂၅ ခုနှစ်၊ မေလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ကိုရီးယားနိုင်ငံထုတ် Smart Farming ဆိုင်ရာ နည်းပညာနှင့်ကုန်စည်များဝယ်ယူလိုသည့် မြန်မာနိုင်ငံမှလုပ်ငန်းရှင်များ ပါဝင်တက်ရောက် နိုင်ကြောင်း သိရှိရသည်။
အဆိုပါပွဲကို လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်၍ Smart Farming အတွက် လိုအပ်သော နည်းပညာအမျိုးမျိုးကို မိတ်ဆက်ပေးရန်နှင့် အနာဂတ်လယ်ယာ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်နိုင်မည့် လယ်သမားများကို အကူအညီပေးရန်အတွက် Smart Farm Korea 2025 (SFKOREA 2025) ကို ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။ပြပွဲသို့ ကုမ္ပဏီစုစုပေါင်း (၁၂၀) ခန့်မှ ပြခန်း (၄၀၀) အား လာရောက်ခင်းကျင်း ပြသမည်ဖြစ်ပြီး ဧည့်သည် (၂၀၀၀၀) ခန့် တက်ရောက်မည်ဖြစ်ကြောင်း၊ ပြပွဲတွင် အနာဂတ်လယ်ယာ စိုက်ပျိုးရေးသုံးနည်းပညာများ၊ Smart Factory အတွက် လိုအပ် သော စက်ကိရိယာများ (ဥပမာ-လယ်ယာလုပ်ငန်းသုံး အလိုအလျောက်ရွေ့လျား/ အလုပ်လုပ်နိုင်သော စက်ပစ္စည်းများ၊ လယ်ယာ လုပ်ငန်းသုံးစက်ရုပ်များနှင့်ဒရုန်းများ၊ တစ်နှစ်ပတ်လုံး အပင်များစိုက်ပျိုးနိုင်ရေး ထိန်းချုပ်မှုများ ပြုလုပ်နိုင်သည့် အလုံပိတ်အခန်းငယ်များ (Plant Factories) စသည်တို့)၊ လူငယ်များ လယ်ယာ လုပ်ငန်းခွင်ဝင်ရောက်နိုင်ရေး ဆွေးနွေးအကြံပြုမှုများ၊ လယ်ယာလုပ်ငန်းနှင့်မွေးမြူရေးလုပ်ငန်းများမှ စားသောက်ကုန်များ၊ မြို့ပြစိုက်ပျိုးမှုစနစ်များ၊ အသိပညာပေးရေးအစီအစဉ်များ(ဥပမာ-တိရစ္ဆာန်နှင့် အပင်ရောဂါစီမံခန့်ခွဲမှုများ၊ Smart Farm များ လေ့လာခြင်းဆိုင်ရာအသိပညာနှင့် ICT ဆိုင်ရာ အသိပညာများ) စသည်တို့ကို ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်းသိရသည်။
Smart Farm Korea 2025 (SFKOREA 2025) တွင် ခင်းကျင်းပြသမည့် ကိုရီးယား ကုန်စည်နှင့်နည်းပညာများကို ဝယ်ယူလိုသည့် မြန်မာနိုင်ငံမှ Buyers များ၊ ရင်းနှီးမြှုပ်နှံလိုသူများ၊ Smart Farming ကဏ္ဍမှ ကျွမ်းကျင်ပညာရှင်များနှင့် အစိုးရအဖွဲ့အစည်းများမှ လယ်ယာစိုက်ပျိုးရေး ဆိုင်ရာသုတေသနပညာရှင်များကို ဖိတ်ကြားလိုပါကြောင်း၊ ကိုရီးယားကုန်စည်နှင့် နည်းပညာများကို ဝယ်ယူရန် တက်ရောက်မည်ဆိုပါက Buyers များသည် ရောင်းသူများနှင့် ဆွေးနွေးညှိနှိုင်းမှုများ (“Business Matching” Program) တွင် ပါဝင် တက်ရောက်ရမည်ဖြစ်ကြောင်း၊ Buyers များအတွက် အသွား/အပြန် လေယာဉ်လက်မှတ်နှင့် (၂) ရက်တာ တည်းခိုစရိတ်တို့ကို ထောက်ပံ့ပေးမည် ဖြစ်ကြောင်း၊ Buyers အဖြစ်မဟုတ်ပဲ ဆွေးနွေးပွဲ၌ ဆွေးနွေးပြောကြားမည့်ပုဂ္ဂိုလ် (Speaker) အဖြစ် တက်ရောက်မည်ဆိုပါက (၂) ရက်တာ တည်းခိုစရိတ်ကိုသာ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ယင်းသို့ ထောက်ပံ့ပေးသင့်/မသင့်ကိုလည်း လျှောက်ထားလာသော လျှောက်လွှာကို Smart Farm Korea (SFKOREA) Secretariat က စိစစ်အတည်ပြုမည်ဖြစ်ကြောင်းနှင့် Smart Farm Korea 2025 (SFKOREA 2025) တွင် Buyers (သို့မဟုတ်) Speaker အဖြစ် တက်ရောက်ရန် စိတ်ဝင်စားပါက Buyer Registration Form တွင် အချက်အလက်များ ဖြည့်သွင်း၍ မိမိတို့၏ Business Card နှင့်အတူ ၂၅-၄-၂၀၂၅ ရက်နေ့နောက်ဆုံးထား၍ Smart Farm Korea (SFKOREA) Secretariat ၏ E-mail (yeon0225@jm-fair.com) သို့ ပေးပို့ရမည်ဖြစ်ကြောင်း၊ အဆိုပါပြပွဲသို့ ပါဝင်တက်ရောက်ပြသ လိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှု ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: event.td. myantrade@gmail.com သို့ ဆက်သွယ် စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သိရှိရသည်။

(၇၈) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်
(၇၈) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက် အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါပြပွဲ၊ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME ထုတ်ကုန်များ၊ ဒေသထွက်ကုန်ပစ္စည်းများ၊ လယ်ယာလုပ်ငန်းနှင့် စက်မှုလုပ်ငန်းများ၊ ရိုးရာအစားအစာများ ခင်းကျင်းပြသ ရောင်းချသွားမည် ဖြစ်သည့အပြင် ဂီတဖျော်ဖြေပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ပြပွဲ အတွင်း ပြခန်းပေါင်း(၉၉) ခန်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒေသထွက် MSME ထုတ်ကုန်များ၊ ရိုးရာအစားအစာများကို တစ်နေရာတည်းတွင် လေ့လာဝယ်ယူနိုင်ပြီး တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကိုလည်း လေ့လာနိုင်မည်ဖြစ်သည်။
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုကျင်းပသည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲအခမ်းအနားတွင် ဆုရရှိမည့် အသေးစား၊ အလတ်စားနဲ့အငယ်စား စီးပွားရေး လုပ်ငန်းဆုများ၊ One Region One Product (OROP)၊ သမဝါယမထုတ်ကုန်၊ စားသောက်ကုန် စသည့် ဆုခြောက်မျိုးအတွက် ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်းငွေကျပ် သိန်း၇၅၀ ချီးမြှင့်ပေးအပ်ရာတွင် သမားရိုးကျ ငွေစက္ကူတွေကို ပေးအပ်မည့်အစား Digital Payment Application မှ ပေးအပ်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၌ ကျင်းပသည်။အစည်းအဝေးသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဥက္ကဋ္ဌ (၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီအတွင်းရေးမှူးများဖြစ်ကြသည့် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ လုပ်ငန်းကော်မတီဝင် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူလျက်ရှိ
မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူလျက်ရှိ မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူလျက်ရှိ မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူလျက်ရှိ မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်နှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ စတင်ကောက်ယူ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်နှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ စတင်ကောက်ယူ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်နှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ စတင်ကောက်ယူစစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်နှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ စတင်ကောက်ယူစစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်နှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ စတင်ကောက်ယူ