တရုတ် အထူးဗီဇာ

အာဆီယံနိုင်ငံများအတွက် အထူးဗီဇာ တရုတ်ထုတ်ပေး

 

တရုတ်နိုင်ငံသည် အာဆီယံ ၁၀ နိုင်ငံအပါအဝင် အာဆီယံစောင့်ကြည့်လေ့လာသူဖြစ်သည့် တီမောလက်စတေနိုင်ငံများထံမှ စီးပွားရေးသမားများအတွက် အကြိမ်ကြိမ်သွားလာခွင့်ရှိသော အထူး အာဆီယံဗီဇာ ထုတ်ပေးမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာထားကြောင်း CNA သတင်းတွင် ဖော်ပြထားပါသည်။  

အရှေ့တောင်အာရှ ၁၁ နိုင်ငံမှ တရုတ်နိုင်ငံကို အလုပ်ကိစ္စဖြင့်လာပြီး အိမ်ထောင်ဖက်များ၊ သားသမီးများ     ခေါ်လာကြမည့် အကျုံးဝင်သူခရီးသည်အားလုံးကို ရက်ပေါင်း ၁၈၀ အထိနေနိုင်သည့် ၅ နှစ်ဗီဇာ ထုတ်ပေးသွားမည်ဖြစ်သည်။ 

တရုတ်နိုင်ငံသားများနှင့် အရှေ့တောင်အာရှနိုင်ငံသားများအကြား မကြာခဏ ခရီးသွားလာမှုများ ရှိလာသည်နှင့်အမျှ ယခုအစီအစဉ်အသစ်သည် ဒေသတွင်း နယ်စပ်ဖြတ်ကျော်ခရီးသွားလာမှုကို ပိုမိုလွယ်ကူချောမွေ့စေရန် ရည်ရွယ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက ပြောကြားထားသည်။ 

၎င်းအပြင် နိုင်ငံတွင်းသို့ ဗီဇာကင်းလွတ်ခွင့်ဖြင့်ဝင်ရောက်၍ရသော နိုင်ငံများ ပိုမိုများပြား လာခြင်းက အများသူငှာ လာရောက်နိုင်ရန် လမ်းဖွင့်ပေးနေသည့် တရုတ်နိုင်ငံ၏ ခိုင်မာသည့် သန္နိဋ္ဌာန်ကို ထင်ဟပ်နေခြင်းဖြစ်သည်ဟု ၎င်းကပြောကြားသွားခဲ့သည်။

10.06.2025
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး(၂၉)ကြိမ်မြောက် အာဆီယံ-ကိုရီးယားဆွေးနွေးပွဲသို့ တက်ရောက်

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး(၂၉)ကြိမ်မြောက် အာဆီယံ-ကိုရီးယားဆွေးနွေးပွဲသို့ တက်ရောက်

 

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ၂၀၂၅ ခုနှစ်၊ မေလ ၁၅ ရက်မှ ၁၆ ရက်အထိ ကျင်းပသည့် (၂၉) ကြိမ်မြောက် အာဆီယံ-ကိုရီးယား ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။ 

အဆိုပါဆွေးနွေးပွဲတွင် အာဆီယံနှင့်ကိုရီးယား အဆင့်မြင့်အရာရှိကြီးများသည် ဘက်စုံမဟာ ဗျူဟာပူးပေါင်းဆောင်ရွက်မှု (CSP) ဆက်လက်ခိုင်မာစေရေး ကတိကဝတ်ကို ထပ်လောင်း အတည်ပြုခဲ့ကြပြီး၊ ၂၀၂၄ ခုနှစ်၌ (၃၅) နှစ်မြောက် တွေ့ဆုံဆွေးနွေးရေး၊ ဆက်ဆံရေးနှင့် တွဲဖက်၍ CSP ကို တည်ထောင်ပြီးနောက် အာဆီယံ-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု၏ အပြုသဘောဆောင်သောတိုးတက်လာမှုကို အသိအမှတ်ပြုခဲ့သည်။ 

ထို့ပြင် ဆွေးနွေးပွဲတွင် 2021-2025 ASEAN-ROK Plan of Action (POA)၊ နိုင်ငံရေးနှင့် လုံခြုံရေးရာ ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်ရေးနှင့်  ရင်းနှီးမြှုပ် နှံမှု၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းမှု၊ ခရီးသွားလာရေး၊ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင်၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ လူငယ်ကဏ္ဍနှင့် ပြည်သူအချင်းချင်းဖလှယ်မှုတို့ကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

17.05.2025
 (NIT) International Conference and Collaboration

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Neurological Institute of Thailand (NIT) International Conference and Collaboration သို့ တက်ရောက်

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် (၁၃-၅-၂၀၂၅)ရက်နေ့မှ (၁၄-၅-၂၀၂၅)ရက်နေ့ထိ ကျင်းပပြုလုပ်မည့် Neurological Institute of Thailand (NIT) International Conference and Collaboration သို့ တက်ရောက်ရန်အတွက်     ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာတင်ထွန်းသည် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊ ဦးနှောက်နှင့်အာရုံကြောဆေးပညာဌာန၊ ပါမောက္ခ/ဌာနမှူး၊ ပါမောက္ခဒေါက်တာ မိုးမိုးဇော်နှင့်အတူ မေလ (၁၂)ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ကြောင်းသိရသည်။  

အဆိုပါ ပူးပေါင်းဆောင်ရွက်ရေးနှီးနှောဖလှယ်ပွဲအား ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ဆေးပညာရပ်များဖွံ့ဖြိုးတိုးတက်ရေးအတွက်  “Multidisciplinary Approach in Neurological Care: Innovations and Advanced Treatments” ခေါင်းစဉ်ဖြင့် ဆွေးနွေးကျင်းပသွားမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များနှင့် ထိုင်းနိုင်ငံ၊ Neurological Institute of Thailand (NIT) တို့အကြား ဦးနှောက်နှင့်အာရုံကြောဆိုင်ရာဆေးပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေး အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များအပါအဝင် ဦးနှောက်နှင့်အာရုံကြော ဆေးပညာရပ်ဆိုင်ရာ နောက်ဆုံးပေါ်ကုသမှုနည်းလမ်းများအား နိုင်ငံတကာမှပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးဖလှယ်သွားကြမည်ဖြစ်ကြောင်းသိရသည်။

14.05.2025
NEDA မှလာရောက်လှူဒါန်း

Neighbouring Countries Economic Development Agency (Public Organization) Ministry of Finance-NEDAအဖွဲ့မှ မန္တလေးမြေငလျင်ကြီးဘေးဒဏ်သင့်ခံခဲ့ရသူများအတွက်ပြန်လည်ထူထောင်ရေးကြိုးပမ်းဆောင်ရွက်မှုများကို ပံ့ပိုးကူညီရန် လာရောက်လှူဒါန်း

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီးဇော်ဇော်စိုးထံသို့ Neighbouring Countries Economic Development Agency (Public Organization) Ministry of Finance - NEDA ၂၉-၄-၂၀၂၅ ရက်နေ့တွင် မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ မန္တလေးမြေငလျင်ကြီးဘေးဒဏ်သင့်ခံခဲ့ရသူများအတွက် ပြန်လည်ထူထောင်ရေးကြိုးပမ်းဆောင်ရွက်မှုများကို ပံ့ပိုးရန် ထိုင်းဘတ် ၁,၀၀၀,၀၀၀ ပမာဏဖြင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ပေးအပ်ခဲ့သည်။ 

အဆိုပါထည့်ဝင်လှူဒါန်းမှုသည် လတ်တလောဖြစ်ပွားနေသော အရေးပေါ်လိုအပ်ချက်များကို ကူညီပေးမည်ဖြစ်ပြီး အခက်အခဲများကို ရင်ဆိုင်နေရသူများအတွက် အဆင်ပြေစေရန်ဖြစ်ကြောင်း သိရသည်။

01.05.2025