ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

News image

ငလျင်ကူညီကယ်ဆယ်ရေးဆောင်ရွက်

နေပြည်တော် မေ ၂၄

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက် အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

(၅၉) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပ

News image

အာဆီယံ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်သည့် (၅၉) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် (၄) ကြိမ်မြောက် အာဆီယံ - အမေရိကန်ပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများကို မေလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ ရန်ကုန်မြို့ Wyndham Grand Yangon Hotel ၌ ကျင်းပခဲ့သည်။ 

အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ (၂/၂၀၂၅)ကြိမ်မြောက် အစည်းအဝေးကျင်းပ

News image

အစိုးရ ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေး

 

အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ (၂/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို မေ ၂၂  ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးလွှဲပြောင်းပေးအပ်နိုင်ရေး မြန်မာ - တရုတ် နှစ်နိုင်ငံကိုယ်စားလှယ်များ ဆွေးနွေးညှိနှိုင်း

News image

ပြည်ပနိုင်ငံသားများလဲပြောင်းနိုင်ရေး‌ဆောင်ရွက်

မြန်မာ-ထိုင်း နှစ်နိုင်ငံမှ ကိုယ်စားလှယ်များသည် မေ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် မြဝတီမြို့ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးလွှဲပြောင်းပေးအပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကာ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဆွေးနွေးခဲ့သည့် သုံးနိုင်ငံသဘောတူညီချက်ကို အရှိန်အဟုန်မြှင့်၍ ဆက်လက်ဆောင်ရွက်ရေး၊ မြဝတီဒေသရှိ အွန်လိုင်းလိမ်လည်မှုများ ကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးနှင့် အွန်လိုင်းလိမ်လည်မှုနှင့် ဆက်စပ်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပ

Made in Myanmar ထုတ်ကုန်များ ပြင်သစ်မှာ သွားရောက်ပြသနိုင်ကြောင်းဖိတ်ခေါ်

News image

Made in Myanmar ထုတ်ကုန်များ ပြင်သစ်မှာ သွားရောက်ပြသနိုင်
Made in Myanmar ထုတ်ကုန်များ ပြင်သစ်မှာ သွားရောက်ပြသနိုင်

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ကျင်းပမည့် Apparel Sourcing Paris 2025 တွင် ပါဝင်ပြသနိုင်ရန်အတွက် Made in Myanmar ထုတ်ကုန်များ လာရောက်ပြသနိုင်ရေးအတွက် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း MGMA မှ ဖိတ်ခေါ်ထားကြောင်း သိရသည်။ 

ပင်းပက်သံမဏိစက်ရုံစီမံကိန်း အပြီးသတ်ပေးမည်ဟု ရုရှား TPE ပြောကြား

News image

ပင်းပက်-၁
ပင်းပက်-၂

အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းလုပ်ငန်းများကို   အောင်မြင်ပြီးမြောက်သည့်အထိ   ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လိုအပ်ချက်၊ အခက်အခဲများကို  ဖြေရှင်းကျော်လွှားနိုင်ရေး  ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရုရှားအစိုးရပိုင် TPE Co., Ltd. မှ အဖွဲ့ခေါင်းဆောင်က ၂၀၂၅ ခုနှစ်၊ မေလ (၁၇) ရက်နေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။