ငလျင်ဘေးသင့်ဒေသပြည်သူများသို့ ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

News image

MDD

နေပြည်တော် မေ ၂၈

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ်ခြောက်ခုတို့တွင် မေ ၂၈ ရက်အထိ သေဆုံးသူ ၃၇၃၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၆၈ ဦး ရှိသည်။

မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာသည့် တောင်ကိုရီးယားနိုင်ငံသားတစ်ဦး ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့

News image

photo

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်း လိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများအား စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်။ 

အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားငါးဦးကို မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံ များသို့ ထပ်မံလွှဲပြောင်းပေးအပ်

News image

photo

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ် လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့ - ရွှေကုက္ကိုလ် မဲ့ထော်သလေး (KK Park)နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ကာဇက်စတန်နိုင်ငံသားနှစ်ဦး၊ တောင်အာဖရိကနိုင်ငံသား သုံးဦး စုစုပေါင်း ငါးဦးတို့အား မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံ များသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေ လုပ်ထု

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်မည်

News image

photo

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ" အပေါ် စုံစမ်းစစ်ဆေး တွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း၊ ပြည်ပမှ လေ့လာလိုသူများအနေဖြင့် Website နှင့် Mobile Application တို့တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့မှစတင်၍ လေ့လာဖတ်ရှုနိုင်မည်ဖြစ်သည်။

အဆုတ်ကင်ဆာဖြစ်စေသည့် အမွှေးတိုင်နှင့် ခြင်ဆေးခွေအန္တရာယ်

News image

photo

ဘာသာရေးအရ ဝတ်ပြုဆုတောင်းရာတွင် အမွှေးတိုင်ထွန်း၍ဖြစ်ဖြစ်၊ ခြင်အန္တရာယ်ကင်းဝေး စေရန် ခြင်ဆေးခွေထွန်း၍ဖြစ်စေ မိမိတို့ပတ်ဝန်းကျင်တွင် မြင်တွေ့နေကျဖြစ်သောကြောင့် မထူးခြား သော်လည်း ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေသည်ကိုတော့ လူတိုင်း သတိမပြုမိကြပေ။

ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၂) ဘီလီယံကျော်ရှိခဲ့

News image

photo

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၂.၃) ဘီလီယံကျော် ရရှိခဲ့ကြောင်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီမှ သိရသည်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပိုငွေ ပိုမိုရရှိစေရေးအတွက် ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ်၊ မေလ (၂၃) ရက်နေ့ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌမှ ပြောကြားခဲ့သည်။