မယ်ဆိုင်ချောင်းရေ တာချီလိတ်မြို့၏ စိုးရိမ်ရေမှတ်အထက် ထပ်မံရောက်ရှိနိုင်

News image

photo

မယ်ဆိုင်ချောင်းရေသည် ၂၀၂၅ ခုနှစ်၊ မေလ (၂၆)ရက်နေ့မှ နောက် (၁၂) နာရီအတွင်း တာချီလိတ်မြို့ (လွယ်တော်ခမ်းကျေးရွာ) ၏ စိုးရိမ်ရေမှတ်ကို ထပ်မံရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မေလ (၂၆)ရက်နေ့ မြန်မာစံတော်ချိန် (၁၂:၃၀) ၏ တိုင်းထွာချက်အရ မြို့၏ စိုးရိမ်ရေမှတ်အောက် (၁) ပေခန့်တွင် ရောက်ရှိနေသည့်အတွက် တာချီလိတ်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက် ထုတ်ပြန်ထားသည်။

စက်မှုကျွမ်းကျင် တစ်နှစ်သင်တန်း အမှတ်စဉ် (၁၃) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

News image

photo

စက်မှုကျွမ်းကျင် တစ်နှစ်သင်တန်း အမှတ်စဉ် (၁၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို မေလ ၂၆ ရက်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အမှတ် (၂) စက်မှုသင်တန်းကျောင်း(မန္တလေး)၌ ကျင်းပသည်။ 

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ရင်ပြင်နီနှင့် ဘယ်ဒန်အန်ခါရှိ အာကာသပြတိုက်တွင် လေ့လာ

News image

photo

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မေ ၂၃ ရက် မွန်းလွဲပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တော်ရှိ ကမ္ဘာကျော်သမိုင်းဝင်နေရာများသို့ သွားရောက် လေ့လာခဲ့သည်။ 

တောင်သူဦးကြီးများအတွက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ MSMEs လုပ်ငန်းရှင်များ၏ ပြည်တွင်းထုတ်လယ်ယာသုံးစက်ကရိယာပစ္စည်းများအားဈေးနှုန်းချိုသာစွာဖြင့် လိုအပ်သလို ဆက်သွယ်မှာယူနိုင်

News image

MDD

တောင်သူဦးကြီးများအတွက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ MSMEs လုပ်ငန်းရှင်များ၏ ပြည်တွင်းထုတ် လယ်ယာသုံးစက်ကရိယာပစ္စည်းများအား ဈေးနှုန်းချိုသာစွာဖြင့် လိုအပ်သလို ဆက်သွယ်မှာယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ 

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ကျပ် ၆၃၉၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ၊ ဈေးနှုန်းများ ဆက်တိုက်ကျဆင်းလျက်ရှိ

News image

MDD

နေပြည်တော် မေ ၂၅

စားသုံးသူပြည်သူများ  စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။