Made in Myanmar ထုတ်ကုန်များ ပြင်သစ်မှာ သွားရောက်ပြသနိုင်ကြောင်းဖိတ်ခေါ်

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ကျင်းပမည့် Apparel Sourcing Paris 2025 တွင် ပါဝင်ပြသနိုင်ရန်အတွက် Made in Myanmar ထုတ်ကုန်များ လာရောက်ပြသနိုင်ရေးအတွက် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း MGMA မှ ဖိတ်ခေါ်ထားကြောင်း သိရသည်။ 

ထိုပွဲတွင် ပါဝင်ပြသခြင်းအားဖြင့် ဥရောပဝယ်လက်များနှင့် ချိတ်ဆက်နိုင်ရေးအတွက် အခွင့်အလမ်းကောင်းများရရှိမည်ဖြစ်ပြီး ပြခန်းပြသလိုပါက ပြခန်းကုန်ကျငွေကို စရိတ်မျှခံစနစ်ဖြင့်ကျခံကာ လိုက်ပါနိုင်ကြောင်းနှင့် လိုက်ပါလိုသူများအနေဖြင့် လေယာဉ်ခ၊ ဗီဇာလျှောက်ထားခြင်း၊ ဟိုတယ်ခများနှင့် ကိုယ်ပိုင်အသုံးစရိတ်များ ကိုယ်တိုင်ကျခံနိုင်ရမည်ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ (၁၅) ရက်နေ့မှ (၁၇) ရက်နေ့ထိ Paris Le Bourget တွင် ကျင်းပမည့် Apparel Sourcing Paris 2025 သည် ကမ္ဘာတစ်ဝှမ်းရှိ စီးပွားဖြစ်ဝယ်ယူသူများအတွက် အခြေခံပစ္စည်းများမှတစ်ဆင့် အဆန်းသစ်ဆုံးနှင့် အရည်အသွေးအမြင့်ဆုံး ထုတ်ကုန်များအထိ စုံလင်စွာ ရှာဖွေဝယ်ယူနိုင်သည့် ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း သိရသည်။