သံအမတ်ကြီး ဦးအောင်မင်းဦး အီသီယိုပီးယားဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတထံ ခန့်အပ်လွှာပေးအပ်

News image

အီသီယိုပီးယား

 

အီသီယိုပီးယားဖက်ဒရယ်ဒီမို ကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးအောင်မင်းဦးသည် ၎င်း၏ ခန့်အပ်လွှာကို ၂၀၂၅ ခုနှစ်၊ ဇွန် ၃ ရက်တွင် အီသီ ယိုပီးယားဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ အဒစ်အဘာဘာမြို့ရှိ သမ္မတအိမ်တော်၌ အီသီယိုပီးယား ဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတမစ္စတာ တိုင်ယီအက်စ်ကီစီလက်ဆီထံသို့ ပေးအပ်ခဲ့ပြီးဖြစ်သည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုကျဆင်းလာ၍ မုတ္တမကမ်းလွန် လုပ်ကွက်သစ်ကို မြန်မာ-ထိုင်း အကောင်အထည်ဖော်

News image

မင်းရဲသူစီမံကိန်း

 

ကမ်းလွန်စီမံကိန်းများတွင် သဘာဝအလျောက် ရေနံနှင့် ဓာတ်ငွေ့ထုတ်လုပ်မှုကျဆင်းလာသည့်အတွက် မုတ္တမကမ်းလွန်လုပ်ကွက် (မင်းရဲသူစီမံကိန်း) အသစ်ကို မြန်မာ-ထိုင်းပူးပေါင်းပြီးအကောင်အထည်ဖော်မည်ဖြစ်ပြီး ထိုစီမံကိန်းအကောင်အထည်ဖော်ပြီးပါက ၂၀၂၈ ခုနှစ်တွင် ပထမဆုံး သဘာဝဓာတ်ငွေ့ စတင်ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။  

နေပြည်တော်၌ အကြိမ် (၇၀) မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကျင်းပ

News image

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး

 

အကြိမ် (၇၀) မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ဇွန်လ ၁ ရက် နံနက်ပိုင်းက နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးပညာပေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။ 

တရုတ်သို့ ဆန်/ ဆန်ကွဲ တင်ပို့လိုသူများကို EOI ဖိတ်ခေါ်

News image

ဆန်စပါး
ဆန်စပါး

 

တရုတ်နိုင်ငံသို့ ဆန်/ ဆန်ကွဲတင်ပို့ခွင့် မှတ်ပုံတင်လျှောက်ထားလိုသည့် ကုမ္ပဏီများကို စိတ်ဝင်စားမှု အဆိုပြုလွှာ EOI တင်ပြရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဖိတ်ခေါ်ထားကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် (MRF) မှ ထုတ်ပြန်ထားသည်။

(၂၂) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ မိတ်ဆက်ပွဲအခမ်းအနားကျင်းပ

News image

တရုတ် အာဆီယံ

 

၂၂) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ မေလ (၃၀) ရက် ၊ နံနက် (၉:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ Wyndham Grand Hotel ၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲအတွင်းရေးမှူးရုံးတို့ ပူးပေါင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။