ASEAN AHA centre မှ အထောက်အကူပစ္စည်းများရောက်ရှိ

ASEAN AHA centre မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အကူပစ္စည်းများ နေပြည်တော်သို့ရောက်ရှိ

နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန် စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာမှလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးလျက်ရှိရာ သက်ဆိုင်ရာနိုင်ငံများအလိုက် ကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာဝန်များနှင့် သူနာပြုဆေးအဖွဲ့များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများသည် မြန်မာနိုင်ငံသို့ နေ့ရက်အလိုက်ရောက်ရှိကြသည်။
ASEAN AHA Centre မှ လှူဒါန်းသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ၊ စုစုပေါင်းပစ္စည်းတန်ချိန် ၅၀၁၃ ကီလိုဂရမ်အား ဖိလစ်ပိုင်နိုင်ငံမှ C-130 လေယာဉ်ဖြင့်တင်ဆောင်၍ ယနေ့နံနက် ၁၀ နာရီ ၁၆ မိနစ်အချိန်တွင် လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်း ၄၃၁၈ ကီလိုဂရမ်အား ဖိလစ်ပိုင်နိုင်ငံမှ C-130 လေယာဉ်ဖြင့်တင်ဆောင်၍ ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ကုန်တန်ချိန် ၁၄၆၉၁ ကီလိုဂရမ်အား မလေးရှားနိုင်ငံ MAI လေကြောင်းလိုင်းဖြင့် တင်ဆောင်၍ မွန်းလွဲ ၁နာရီ ၁၃ မိနစ်တွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ အသီးသီး ရောက်ရှိလာကြသည်။
အဆိုပါ ASEAN AHA Centre မှ လူသားချင်စာနာထောက်ထားမှုဆိုင်ရာ အထောက်အကူပစ္စည်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကိုယ်စား တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။

14.04.2025 | Views : 1
အေးသင်္ကြန်

ယခုနှစ် နေပြည်တော်တွင် လမ်းလျှောက်သင်္ကြန်အား အေးသင်္ကြန်အဖြစ် ပြောင်းလဲကျင်းပမည်

ယခုနှစ်တွင် ကျင်းပမည့် နေပြည်တော်လမ်းလျှောက်သင်္ကြန်အား အေးသင်္ကြန်အဖြစ် ပြောင်းလဲကျင်းပမည်ဖြစ်​ကြောင်း သိရသည်။
နေပြည်တော်လမ်းလျှောက်သင်္ကြန် ကျင်းပမည့်ဧရိယာအတွင်း ရေအေးသင်္ကြန်နှင့် စတု ဒိသာမဏ္ဍပ်တည်ဆောက်နေမှုကို ဧပြီ ၁၁ ရက် နံနက်ပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ယခုနှစ်နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် မြန်မာ့ရိုးရာအတာသင်္ကြန်အားUNESCO ၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရသည်ကို အသိအမှတ်ပြုသည့်အနေဖြင့် ဂုဏ်ပြုကျင်းပမည်ဖြစ်ပြီး နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် ကဏ္ဍများအနေဖြင့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့အား လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ်ပါဝင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုကို ဂုဏ်ပြုသောအားဖြင့် သနပ်ခါးလိမ်းသည့် သရုပ်ဖော်ခြင်း၊ သက်ကြီးရွယ်အိုများအား ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်း လှီးဖြတ်ပေးခြင်း၊ နေ့စဉ် နံနက်/ညနေ စတုဒိသာအဖြစ် သင်္ကြန်ထမင်း၊ မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ ဆနွင်းမကင်း၊ ကျောက်ကျောဖျော်ရည်၊ မုန့်လက်ဆောင်း၊ ရွှေကြည်၊ သာကူကျို၊ အုန်းနို့ကျောက်ကျောစသည်တို့ ကျွေးမွေးခြင်း၊ မြန်မာ့ရိုးရာသင်္ကြန် အစဉ်အလာနှင့်အညီ သပြေခက်ဖြင့် ရေပက်ကစားခြင်းကဏ္ဍများသာ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ယခင်နှစ်က ​နေပြည်​တော်လမ်း​လျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တ​လေးငလျင်ကြီး​ကြောင့် ​​နေပြည်​တော်​ကောင်စီနယ်​မြေ၊ စစ်ကိုင်းတိုင်း​ဒေသကြီး၊ ပဲခူးတိုင်း​ဒေသကြီး၊ မ​ကွေးတိုင်း​ဒေသကြီး၊ မန္တ​လေးတိုင်း​ဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်း၌ နစ်နာဆုံးရှုံးရသည့် ပြည်သူအများအပြားရှိ​နေရာ ယခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ကို အ​ပျော်အပါး သီဆိုကခုန်မှုများ မပါဝင်ဘဲ ရိုးရာယဉ်ကျေးမှုနှင့်အညီ နိုင်ငံတော်က အေးချမ်းသာယာ​သောသင်္ကြန်(အေးသင်္ကြန်)အဖြစ် ကျင်းပမည်ဖြစ်၍ လမ်း​​လျှောက်သင်္ကြန်ကိုလည်း အေးသင်္ကြန်အဖြစ်​ ပြောင်းလဲကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

13.04.2025 | Views : 4