Made in Myanmar ထုတ်ကုန်များ ပြင်သစ်မှာ သွားရောက်ပြသနိုင်

Made in Myanmar ထုတ်ကုန်များ ပြင်သစ်မှာ သွားရောက်ပြသနိုင်ကြောင်းဖိတ်ခေါ်

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ကျင်းပမည့် Apparel Sourcing Paris 2025 တွင် ပါဝင်ပြသနိုင်ရန်အတွက် Made in Myanmar ထုတ်ကုန်များ လာရောက်ပြသနိုင်ရေးအတွက် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း MGMA မှ ဖိတ်ခေါ်ထားကြောင်း သိရသည်။ 

ထိုပွဲတွင် ပါဝင်ပြသခြင်းအားဖြင့် ဥရောပဝယ်လက်များနှင့် ချိတ်ဆက်နိုင်ရေးအတွက် အခွင့်အလမ်းကောင်းများရရှိမည်ဖြစ်ပြီး ပြခန်းပြသလိုပါက ပြခန်းကုန်ကျငွေကို စရိတ်မျှခံစနစ်ဖြင့်ကျခံကာ လိုက်ပါနိုင်ကြောင်းနှင့် လိုက်ပါလိုသူများအနေဖြင့် လေယာဉ်ခ၊ ဗီဇာလျှောက်ထားခြင်း၊ ဟိုတယ်ခများနှင့် ကိုယ်ပိုင်အသုံးစရိတ်များ ကိုယ်တိုင်ကျခံနိုင်ရမည်ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ (၁၅) ရက်နေ့မှ (၁၇) ရက်နေ့ထိ Paris Le Bourget တွင် ကျင်းပမည့် Apparel Sourcing Paris 2025 သည် ကမ္ဘာတစ်ဝှမ်းရှိ စီးပွားဖြစ်ဝယ်ယူသူများအတွက် အခြေခံပစ္စည်းများမှတစ်ဆင့် အဆန်းသစ်ဆုံးနှင့် အရည်အသွေးအမြင့်ဆုံး ထုတ်ကုန်များအထိ စုံလင်စွာ ရှာဖွေဝယ်ယူနိုင်သည့် ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း သိရသည်။

23.05.2025 | Views : 3
နေပြည်တော် မေ ၂၂  ပြန်ကြားရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ကြီးမှူး၍ မြန်မာ့ပုံရိပ် ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) က စီစဉ်ကျင်းပသော “ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း” (Forum on Rebuilding Myanmar: Post-Earthquake Economic Recovery) သုံးသပ်ဆွေးနွေးပွဲကို မေ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပမည်ဖြစ်သည်။  သုံးသပ်ဆွေးနွေးပွဲတွင် “မန္တလေးငလျင်ကြီး၏ စီးပွားရေးအပေါ်ရိုက်ခတ်မှုများ” ၊ “စီး

ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့်ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲကျင်းပမည်

နေပြည်တော် မေ ၂၂

ပြန်ကြားရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ကြီးမှူး၍ မြန်မာ့ပုံရိပ် ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) က စီစဉ်ကျင်းပသော “ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း” (Forum on Rebuilding Myanmar: Post-Earthquake Economic Recovery) သုံးသပ်ဆွေးနွေးပွဲကို မေ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပမည်ဖြစ်သည်။

သုံးသပ်ဆွေးနွေးပွဲတွင် “မန္တလေးငလျင်ကြီး၏ စီးပွားရေးအပေါ်ရိုက်ခတ်မှုများ” ၊ “စီးပွားရေးပြန်လည်ထူထောင်ရာတွင် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ”၊ “စီးပွားရေးပြန်လည်ကုစားခြင်းအတွက် စုပေါင်းအဖြေရှာခြင်း” စသည့်ခေါင်းစဉ်သုံးခုကို ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ၊ UMFCCI ညီနောင် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ပြည်တွင်းရှိ MSME လုပ်ငန်းရှင်များနှင့် စီးပွားရေးနှင့်သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ ကျွမ်းကျင်ပညာရှင်များ ပါဝင်ဆွေးနွေးသွားမည်ဖြစ်ပြီး နိုင်ငံတကာမှ စီးပွားရေးကျွမ်းကျင်ပညာရှင်များနှင့် လေ့လာသုံးသပ်သူများ (Observer) လည်း ပါဝင်တက်ရောက်သွားမည်ဖြစ်သည်။

သုံးသပ်ဆွေးနွေးပွဲကို  မန္တလေးငလျင်ကြီးကြောင့်  ထိခိုက်ပျက်စီးခဲ့ရသော  စီးပွားရေးလုပ်ငန်းများပြန်လည်ထူထောင်အားကောင်းလာစေရန်၊ ငလျင်ဘေးအလွန်ကာလတွင် ဖြစ်ပေါ်လာမည့် ပြည်တွင်း/ ပြည်ပဈေးကွက်စီးပွားရေးအသစ်များ၊ နိုင်ငံ့စီးပွားရေးပိုမိုကောင်းမွန်စေမည့် အခွင့်အလမ်းများနှင့်ကြုံတွေ့ရနိုင်သည့် စိန်ခေါ်မှုများအား သိရှိနိုင်စေရန်နှင့်မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး အခင်းအကျင်းနှင့် ပထဝီစီးပွားရေးအခွင့်အလမ်းများကို သိရှိအသုံးချပြီး ပြည်တွင်းမှ ထုတ်ကုန်ပစ္စည်းများအား ဈေးကွက်ချဲ့ထွင်နိုင်ရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း ပေါင်းစည်းမြှင့်တင်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

“ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း” သုံးသပ်ဆွေးနွေးပွဲကျင်းပနေမှုကို MOI Website အပါအဝင် Myanmar Narrative Facebook Page ၊ MRTV Facebook Page တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

သုံးသပ်ဆွေးနွေးပွဲတက်ရောက်ရန် စိတ်ပါဝင်စားသူများအနေဖြင့် https://myanmarnarrative.org/  ၏ Registration Form မှတစ်ဆင့် အမည်စာရင်းပေးသွင်းနိုင်ပြီး အစီအစဉ်နှင့်ပတ်သက်၍ သိရှိလိုသည်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သုတေသနနှင့်သတင်းအချက်အလက်ဌာနခွဲ၊ ဖုန်း ၀၆၇ - ၃၄၁၂၂၄၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

သတင်းစဉ်

23.05.2025 | Views : 4
အာဆီယံ

(၅၉) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်သည့် (၅၉) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် (၄) ကြိမ်မြောက် အာဆီယံ - အမေရိကန်ပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများကို မေလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ ရန်ကုန်မြို့ Wyndham Grand Yangon Hotel ၌ ကျင်းပခဲ့သည်။ 

ဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက အာဆီယံဒေသတွင်းပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ကြိုးပမ်းဆောင်ရွက်မှုများအပေါ် များစွာနှစ်ထောင်းအားရဖြစ်မိပါကြောင်း၊ အာဆီယံ၏မျှော်မှန်းချက်ဖြစ်သည့် ဒေသတွင်းပေါင်းစည်းဆက်သွယ်မှု၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ခံနိုင်ရည်ရှိမှုများကို    မိမိတို့အတူတကွ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်ပါ အတိုင်း အာဆီယံမျှော်မှန်းချက်နှင့် လုပ်ငန်းစဉ်များကို တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ နိုင်ငံ၏ ဘက်စုံပို့ဆောင်ရေးအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အမျိုးသားသယ်ယူပို့ဆောင်ရေးပင်မစီမံကိန်း၏ ဦးစားပေးလုပ်ငန်း အစီအစဉ်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များဖြစ်သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ခံနိုင်ရည်ရှိရေးနှင့်ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍  ယခုအစည်းအဝေးများတွင် အာဆီယံ - နယူးဇီလန် လေကြောင်းပို့ဆောင်ရေး သဘောတူစာချုပ်ချုပ်ဆိုရေး၊ အာဆီယံဒေသတွင်း လျှပ်စစ်မော်တော်ယာဉ် အကောင်အထည်ဖော်ခြင်းဆိုင်ရာ လမ်းပြမြေပုံရေးဆွဲရေး၊ အာဆီယံဒေသတွင်း သင်္ဘောစွန့်ပစ်ပစ္စည်းများ စဉ်ဆက်မပြတ် စီမံခန့်ခွဲရေးအတွက် မဟာဗျူဟာရေးဆွဲရေး၊ ၂၀၂၆-၂၀၃၀ ကာလအတွက် အာဆီယံပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များ အပြီးသတ်ဆွေးနွေးအတည်ပြုရေး စသည်များ ဆွေးနွေးသွားမည်ဟု သိရှိရသည့်အတွက် ကောင်းမွန်သည့် ရလဒ်များထွက်ပေါ်လာမည်ဟု ယုံကြည်ပါကြောင်း၊ အာဆီယံ၏ အကြားအလပ်မရှိသော၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရှိပြီး ပေါင်းစည်းထားသည့် သယ်ယူပို့ဆောင်ရေးကွန်ရက်ဖြစ်ပေါ်စေရန်အတွက် အဖွဲ့ဝင်နိုင်ငံများအကြား စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် ကူညီပံ့ပိုးမှုများမှတစ်ဆင့် အပြည့်အဝအောင်မြင်မှုရရှိမည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် အဖွဲ့ဝင်နိုင်ငံများ၏ ပံ့ပိုးကူညီမှုများကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံသည် အာဆီယံပို့ဆောင်ရေးဝန်ကြီးများအဆင့် အစည်းအဝေးနှင့် အဆင့်မြင့်အရာရှိကြီးများအဆင့်အစည်းအဝေးများကို ၂၀၁၄ ခုနှစ်တွင် အလှည့်ကျအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်တွင် ထပ်မံအလှည့်ကျရောက်သဖြင့် ဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်းနှင့် ယခုကျင်းပသည့် (၅၉) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

22.05.2025 | Views : 1