ပုံ(၁)

ဥပဒေအသိပညာပြန့်ပွားရေး ဆွေးနွေးပွဲကျင်းပ

ပြန်ကြားရေး ဝန်ကြီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ဥပဒေအသိပညာပြန့်ပွားရေး ဆွေးနွေးပွဲကို မတ်လ ၂၆ ရက်နေ့တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။ ဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်း၁၅၀ တက်ရောက်ကြသည်။ 

သိရှိလိုက်နာရန်လို

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဥပဒေကို နိုင်ငံသားတိုင်း သိရှိလိုက်နာရန်လိုအပ်ပြီး ဝန်ထမ်းများသည်လည်း မိမိတို့ဌာန၏ ဥပဒေ၊ နည်းဥပဒေနှင့်နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို နားလည်တတ်ကျွမ်းလေးစားလိုက်နာရန် လိုအပ်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနက ကျင့်သုံးလျက် ရှိသည့်ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်နှင့်ညွှန်ကြားချက်များကို သိရှိလိုက်နာကျင့်သုံး ဆောင်ရွက်နိုင်စေရေး ယခုဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ပါကြောင်း ပြောကြားသည်။ 

မေးမြန်းဆွေးနွေး

ထို့နောက် တာဝန်ရှိသူများကစာချုပ်စာတမ်းများ စိစစ်ခြင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေများ၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများ၊ ရုပ်ရှင်ဥပဒေ၊ နည်းဥပဒေများ၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ၊ ဗီဒီယိုလုပ်ငန်းဆိုင်ရာနည်းဥပဒေများ၊ စာကြည့်တိုက်၊ ပြတိုက်နှင့် ပြပွဲများကြီးကြပ်အုပ်ချုပ်ရေး ဥပဒေနှင့်နည်းဥပဒေများနှင့် စပ်လျဉ်း၍ ဆွေးနွေးရှင်းလင်းကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

 

27.03.2025 | Views : 1
ပုံ(၁)

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့်ဇနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ (၅၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နှင့် အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲ တက်ရောက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ (၅၄)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲကို မတ်လ ၂၆ ရက်နေ့ည ၇ နာရီတွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဇနီးတို့ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး Dr. Md.Monwar Hossainနှင့် ဇနီး၊ တာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။

နှုတ်ခွန်းဆက်စကားပြောကြား

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သီချင်းတို့ဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးက နှုတ်ခွန်းဆက်စကား ပြောကြား သည်။

အထိမ်းအမှတ်ကိတ်မုန့်လှီးဖြတ်

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ သံအမတ်ကြီးနှင့်ဇနီးတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ (၅၄)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် အမျိုးသားနေ့ အထိမ်းအမှတ်ကိတ်မုန့်ကို လှီးဖြတ်ပေးကြပြီး အခမ်းအနား တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ သံအမတ်ကြီးနှင့်ဇနီး တို့က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။ 

တက်ရောက်

အဆိုပါဧည့်ခံပွဲသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ဇနီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ရွှေထွန်းနှင့် ဇနီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့်ဇနီး၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများ၊ စစ်သံမှူးများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

27.03.2025 | Views : 0
ပုံ(၁)

ငပုတောမြို့၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အမျိုးသမီးများအပေါ် ကာကွယ်စောင့်ရှောက်နိုင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အမျိုးသမီးများအပေါ် တရားမဝင်လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ်မုဒိန်းမှု၊ သွေးဆောင်‌ဖြားရောင်းခိုးယူမှုများကို ကာကွယ်စောင့်ရှောက်ရန် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို မတ်လ ၂၄ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီလာထွန်းက ငပုတောမြို့၌ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့မှ အမျိုးသမီးများအပေါ် တရားမဝင်လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ်မုဒိန်းမှု၊ သွေးဆောင်‌ဖြားယောင်းခိုးယူမှုများကို ကာကွယ်စောင့်ရှောက်နိုင်‌ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်နိုင်ရေး ဥပဒေအကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

 

 

26.03.2025 | Views : 0
ရွှေကျောင်း

ယခုနှစ်ဆန်းပိုင်းမှစ၍ မန္တလေးမြို့ရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ စုဝေးတည်ရှိရာ ဒေသများသို့ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုများပြား

မန္တလေးမြို့ရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ စုဝေးတည်ရှိရာ မန္တလေးတောင်ခြေအနီးရှိ ကုသိုလ်တော်ဘုရား၊ မြနန်းစံကျော်ရွှေနန်းတော်နှင့် ရွှေနန်းတော်ကျောင်း (ရွှေကျောင်းကြီး)သို့ ယခု နှစ်ဆန်းပိုင်းမှစ၍ လာရောက်လေ့လာကြသည့် ပြည်ပခရီးသွားဧည့်သည် များပြားလာကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ) မှ သိရသည်။ 
ပွင့်လင်းရာသီချိန်ဖြစ်ပြီး မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလနှင့် နီးကပ်လာချိန်ဖြစ်၍ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ ပြည်ပခရီးသွားဝင်ရောက်မှု ပိုမိုများပြားလာသည်ဟု ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 “ဇန်နဝါရီလလောက်ကစပြီး ပြည်ပခရီးသွားဝင်ရောက်မှု အတော်များလာတယ်။ ပွင့်လင်းရာသီမှာ ပုံမှန်ထက် ခရီးသွားဧည့်သည်ဝင်ရောက်မှု ပိုလေ့ရှိတယ်။ မန္တလေးရောက်ရင် မြနန်းစံကျော် ရွှေနန်းတော်နဲ့ ရွှေကျောင်းကြီးကို လာရောက်လေ့လာကြသလို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးလို့ခေါ်တဲ့ ပိဋကတ်ကျောက်စာတွေရှိတဲ့ ကုသိုလ်တော်ဘုရားကိုလည်း ပြည်ပခရီးသွားဧည့်သည်တွေ သွားရောက်လေ့လာကြတယ်” ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
ပြည်ပခရီးသွားဝင်ရောက်မှုစာရင်းများအရ ၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလထိ ပြည်ပခရီးသွားဝင်ရောက်မှုမှာ မြနန်းစံကျော်ရွှေနန်းတော်တွင် ၂,၆၈၄ ဦး၊ ရွှေနန်းတော်ကျောင်း (ရွှေကျောင်းကြီး)တွင် ၂,၃၀၉ ဦးရှိရာ အဆိုပါပြည်ပခရီးသွားများသည် ရွှေနန်းတော်ကျောင်းနှင့်နီးသော ကုသိုလ်တော်ဘုရားသို့လည်း ဝင်ရောက်လေ့လာကြကြောင်း သိရသည်။
မန္တလေးမြို့ကို မင်းတုန်းမင်းတရားကြီးက မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ်တွင် ရတနာပုံ (မန္တလေး) ဟု မြို့တည်ခဲ့ရာ နှစ်ပေါင်း ၁၆၅နှစ်ရှိပြီဖြစ်သော ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ပြည်ပခရီးသွားများက စိတ်ဝင်တစားလာရောက်လေ့လာကြကြောင်း သိရသည်။ 

26.03.2025 | Views : 0
ပုံ(၁)

ဒုတိယဝန်ကြီး ဒေါ်နုမြဇံ အင်းဝယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ ကွင်းဆင်းစစ်ဆေး

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲမှ တာဝန်ရှိသူများနှင့်အတူ မတ် ၂၄ ရက်နေ့က မန္တလေးတိုင်း ဒေသကြီး တံတားဦးခရိုင် အင်းဝယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ 

ဦးစွာ ဒုတိယဝန်ကြီးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ မန္တလေးတိုင်းဒေသကြီးသို့ လာရောက်ခဲ့သည့်ခရီးစဉ်တွင် မှာကြားခဲ့သည့် မဟာဇေယပထ မောင်အို အုတ်လမ်းတံတား၊ အုတ်လမ်းတံတား၏ ကျောက်စာရုံ၊ လောကသရဖူ ဘုရားအတွင်း ပြုပြင်ဆောင်ရွက်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် စည်တိုပုံမြို့ရိုး၏ အနောက်ဘက်မျက်နှာ မြို့ရိုး၊ မြို့ဝင်ပေါက်နှင့် ကျုံး၊ အင်းဝ ရှေးဟောင်းသုတေသနပြတိုက်၊ အင်းဝဗားကရာသစ်သားဘုန်းတော်ကြီးကျောင်း၊ မြင့်မိုရ်တောင်ဘုရား၊ ဝင်္ကပါဘုရား၊ လောကဒုဿမာန်အောင်ဘုရားနှင့် ကြောင်လိမ်ဘုရား ပြုပြင်ထိန်းသိမ်း စောင့်ရှောက်မှု များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

26.03.2025 | Views : 2
ပုံ(၁)

မြစ်သားမြို့နယ်တွင် နွေစပါးစိုက်ဧက (၂၀,၁၁၀) လျာထား ဆောင်ရွက်ရာ ဧက (၁၀,၂၀၀) စိုက်ပျိုးပြီးစီး

 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကင်းတားရေလှောင်တမံ ဆည်ရေဖြင့် နွေစပါးစိုက်ပျိုးလျက်ရှိပြီး ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေစပါးစိုက်ဧက (၂၀,၁၁၀) လျာထား ဆောင်ရွက်လျက်ရှိရာ (၁၀,၂၀၀) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မြစ်သားမြို့နယ်အတွင်းရှိ ကျေးလက်နေတောင်သူများအနေဖြင့် စိုက်ပျိုးသီးနှံများ ပန်းတိုင် အထွက်နှုန်း ပြည့်မီကျော်လွန်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုဖြင့် အစေ့ချကိရိယာ (Drum Seeder)၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးလျက်ရှိပြီး မျိုးကောင်းမျိုးသန့် အသုံးပြုစိုက်ပျိုးရေး၊ သွင်းအားစုအချိန်ကိုက်သုံးစွဲနိုင်ရေးအတွက် စိုက်ပျိုး/မွေးမြူရေးကြီးကြပ်အဖွဲ့မှ ကြီးကြပ်၍ သွင်းအားစုများကို အချိန်မီသုံးစွဲနိုင်ရေးအတွက် ပုလဲဓာတ်မြေဩဇာကို ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူး ပေးလျက်ရှိကြောင်း သိရသည်။

ဒေသခံတောင်သူများ ယခုနှစ်နွေစပါးစိုက်ပျိုးလျက်ရှိသည့် မနောသုခ၊ ဧရာပဒေသာနှင့် ဗီယက်နမ်ရက် ၉၀ စပါးမျိုးများကို အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း၊ ယခုနှစ်တွင် ၂၀,၁၁၀ ဧက လျာထားဆောင်ရွက်လျက်ရှိပြီး နှစ်စဉ်နွေစပါးစိုက်ဧက တိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

26.03.2025 | Views : 1
Peace Talk

“တွေ့ဆုံဆွေးနွေးမှုများမှ ငြိမ်းချမ်းသောနိုင်ငံတော်သစ်ဆီသို့”ဆောင်ပုဒ်ဖြင့် ငြိမ်းချမ်းရေးစကားဝိုင်း - Peace Talk 2025 ကျင်းပ

“တွေ့ဆုံဆွေးနွေးမှုများမှ ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့” ဆောင်ပုဒ်ဖြင့် ငြိမ်းချမ်းရေးစကားဝိုင်း - Peace Talk 2025 ကို မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။ 
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်တွင် ကဏ္ဍအသီးသီးမှ ထင်ပေါ်ကျော်ကြားသူများ၊ အသိပညာရှင် အတတ်ပညာရှင်များမှ ပိုမိုအာရုံစိုက် ပါဝင်လုပ်ဆောင်လာနိုင်စေရန်၊ ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက်သောနည်းလမ်းဖြင့် ဆောင်ရွက်ခြင်းသည်သာလျှင် ရေရှည်တည်တံ့မည်ဖြစ်ကြောင်းကို လူထုအကြား အသိအမြင်တိုးမြှင့်လာစေရန်နှင့် နိုင်ငံအတွင်းပဋိပက္ခများ အမြန်ဆုံးလျှော့ချပြီး နိုင်ငံရေး၊ စီးပွားရေးများ ပိုမိုကောင်းမွန်တိုးတက်လာနိုင်စေမည့် ရေတိုရေရှည် လုပ်ငန်းစဉ်များ ဖော်ထုတ်နိုင်ရန်ရည်ရွယ်ပြီး ငြိမ်းချမ်းရေးစကားဝိုင်းကို ကျင်းပပြုလုပ်ခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးစကားဝိုင်းသို့ အလွှာစုံအစုအဖွဲ့အသီးသီးဖြစ်ကြသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဝင်များ၊ တပ်မတော်အငြိမ်းစားအရာရှိကြီးများ၊ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများ၊ ပါဝင်သင့်ပါဝင်ထိုက်သူ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ မီဒီယာများ၊ ပြည်ထောင်စု ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များနှင့် လေ့လာသူများ စုစုပေါင်းကိုယ်စားလှယ် ၁၁၈ ဦး တက်ရောက်ကြသည်။
ငြိမ်းချမ်းရေးစကားဝိုင်း ဖွင့်ပွဲအခမ်းအနားတွင် ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် စီးပွားရေးကဏ္ဍကြီးများတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို စုပေါင်းအဖြေရှာ ဖော်ထုတ်ရန်လိုကြောင်း၊ ပဋိပက္ခလျှော့ချပြီး စီးပွားရေး၊ လူမှုရေးတို့အား ရေတိုရေရှည် စီမံကိန်းများဆောင်ရွက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စု တည်ဆောက်နိုင်ရန်လိုအပ်ကြောင်း၊ ယနေ့စကားဝိုင်းမှ နိုင်ငံရေး၊ လုံခြုံရေးကဏ္ဍနှင့် စီးပွားရေး၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍတို့မှ အပြုသဘောဆောင်သည့် ဆွေးနွေးအကြုံပြုချက်များကို ရလဒ်ဖော်ထုတ်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမိုတိုးတက်အောင်မြင်စေရေး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် UPWC ဒုတိယဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီး (ငြိမ်း)ဦးသိန်းဇော်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ငြိမ်းချမ်းရေးစကားဝိုင်းကျင်းပသည့် ရည်ရွယ်ချက်နှင့် ဆွေးနွေးပွဲအစီအစဉ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်တွင် ကဏ္ဍအသီးသီးမှ ထင်ပေါ်ကျော်ကြားသူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များမှ ပိုမိုအာရုံစိုက် ပါဝင်လုပ်ဆောင်လာနိုင်စေရေး ကိစ္စရပ်များနှင့် ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက်သောနည်းလမ်းဖြင့် ဆောင်ရွက်ခြင်းသည်သာလျှင် ရေရှည်တည်တံ့မည်ဖြစ်ကြောင်းကို လူထုအကြား အသိအမြင်တိုးမြင့်လာစေရန် ဆောင်ရွက်ပေးရန်နှင့် မီဒီယာများ၏ ငြိမ်းချမ်းရေးတွင် သတင်းမှန်များရောက်ရှိစေရေးအတွက် အရေးပါမှုများကို ရှင်းလင်း ဆွေးနွေးသည်။ ယင်းနောက် စကားဝိုင်းဆွေးနွေးပွဲ Speaker များက နှုတ်ခွန်းဆက်စကားများ ပြောကြားကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် စကားဝိုင်းဆွေးနွေးပွဲကို တက်ရောက်သူများအနေဖြင့် ခေါင်းစဉ်အလိုက် နက်ရှိုင်းစွာ ပါဝင်ဆွေးနွေးနိုင်စေရန် “နိုင်ငံရေးနှင့်လုံခြုံရေးကဏ္ဍ”၊ “စီးပွားရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ”ဟူ၍ ကဏ္ဍနှစ်ခုခွဲခြားပြီး စကားဝိုင်းပထမနေ့အနေဖြင့် “နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍ”တွင် သဘာပတိအဖြစ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ဆောင်ရွက်ကာ “ပဋိပက္ခလျှော့ချရေးနှင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပေါ်ရေး” ခေါင်းစဉ်ဖြင့် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား)က ဦးဆောင်ဆွေးနွေးသည်။ ဆက်လက်၍ “စီးပွားရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍ” တွင် သဘာပတိအဖြစ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် (ငြိမ်း)ကဆောင်ရွက်ပြီး “ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကြိုးပမ်းရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါသည့်ကဏ္ဍ” ခေါင်းစဉ်ဖြင့် ဒုတိယ ဝန်ကြီး (ငြိမ်း) ဒေါ်လဲ့လဲ့သိန်းက ဦးဆောင်ဆွေးနွေးကာ တက်ရောက်လာကြသူများက အမြင်သဘောထားများ ဆွေးနွေးခြင်း၊ မေးခွန်းမေးမြန်းခြင်းများ ဆောင်ရွက်ကြသည်။
ထို့နောက် စကားဝိုင်းဆွေးနွေးခြင်း၊ စကားဝိုင်းအလိုက်ရရှိလာသည့် သဘောထားများကို တက်ရောက်လာသူ ကိုယ်စားလှယ်အသီးသီးက အကြံပြုခြင်း၊ ဆွေးနွေးမေးမြန်းခြင်းနှင့် မေးမြန်းချက်များ အပေါ် Speaker က ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။
ငြိမ်းချမ်းရေးစကားဝိုင်းမှရရှိလာမည့် အလွှာအသီးသီး၏ အမြင်သဘောထားများ၊ အကြံပြုချက်များကို သိရှိနားလည်ပြီး ငြိမ်းချမ်းရေးတွင် ပါဝင်ဆောင်ရွက်သူများအကြား ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြင့်လာစေကာ ၂၀၂၅ ခုနှစ်အလွန် ဖြစ်ပေါ်လာမည့် နိုင်ငံရေးအခြေအနေများနှင့် လိုက်လျောညီထွေသည့် ငြိမ်းချမ်းရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ဖော်ထုတ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။
ငြိမ်းချမ်းရေးစကားဝိုင်းကို မတ်၂၄ ရက်မှ ၂၆ ရက်အထိ သုံးရက်တာ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

26.03.2025 | Views : 1
ပုံ(၁)

ကွမ်းခြံကုန်းမြိုနယ်တွင် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း (Diploma in Education. and pedagogy ၁/၂၀၂၅သင်တန်းဖွင့်ပွဲ အခမ်းအနားဖွင့်လှစ်သင်ကြား

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဟားခါးဒီဂရီကောလိပ်တို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ မူလတန်းပြ ဆရာ၊ ဆရာမများအား သင်ကြားရေးတွင် အထောက်အကူဖြစ်စေရန်အတွက် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာ (Diploma in Education and Pedogogy- Dip.Ep) သင်တန်းကို မတ် ၂၄ ရက် နေ့က ကွမ်းခြံကုန်းမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ကွမ်းခြံကုန်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်-၂ ဦးရဲတင့်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်အေးသန္တာစိုးမှ သင်တန်းနှင့် ပတ်သက်၍ လိုက်နာရမည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခြင်းနှင့် ဟားခါးပညာရေးဒီဂရီကောလိပ်မှ ကတိကဆရာဦးရန်နိုင်မှ သင်တန်းနှင့် ပတ်သက်သည်များကို ထပ်ဆင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ဟားခါးပညာ‌ရေးဒီဂရီကောလိပ်နှင့် နည်းပြ ဆရာ၊ ဆရာမများက ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာ (Diploma in Education and Pedogogy- Dip.Ep) သင်တန်းတွင် ပညာရေးသဘော၊ အင်္ဂလိပ်စာသင်ပြနည်း၊ ပညာစိတ်၊ မြန်မာစာသင်ပြနည်း၊ ပန်းချီ၊ စိုက်ပျိုးရေး၊ သိပ္ပံသင်ပြနည်း၊ လူမှုရေးသင်ပြနည်း၊ ICT၊ သင်္ချာသင်ပြနည်း၊ အိမ်တွင်းမှု/စက်မှု၊ ကာယ၊ ဘဝတွက်တာ၊ ဂီတ စသည့်ဘာသာရပ်များကို မတ်လ (၂၄) ရက်နေ့မှ မေလ (၃၀) ရက်နေ့ အထိ (၄၉) ရက်ကြာ သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသင်တန်းကို ကွမ်းခြံကုန်းမြို့နယ်နှင့်‌ ကော့မှူးမြို့နယ်အတွင်းရှိ မူလတန်းပြ ဆရာ၊ ဆရာမ (၄၈၈) ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

26.03.2025 | Views : 0
RCEP Economic and Trade Expo  ပြပွဲ

The 2nd Hunan (huaihua) RCEP Economic and Trade Expo ပြပွဲ ကျင်းပပြုလုပ်မည်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူနန်ပြည်နယ်၊ ဟွိုင်ဟမြို့တွင် ၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်နေ့မှ ၁၁ ရက်နေ့ အထိ ကျင်းပမည့်The 2nd Hunan (huaihua) RCEP Economic and Trade Expo  ပြပွဲတွင် မြန်မာနိုင်ငံမှ ထွက်ကုန်ပစ္စည်းများ ပါဝင်ပြသနိုင်ကြောင်း သိရှိရသည်။ 
အဆိုပါပြပွဲကို ဟူနန်ပြည်နယ်ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနနှင့် ဟွိုင်ဟမြို့နယ်အစိုးရတို့က ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း၊ ပြပွဲ၏ခေါင်းစဉ်မှာ “Share Opportunities to Deliver the Future” ဖြစ်ပြီး တရုတ်နိုင်ငံရှိ RCEP နိုင်ငံများ၏ သံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများနှင့် RCEP နိုင်ငံများမှ စီးပွားရေးလုပ်ငန်းများ ပါဝင်ပြသမည်ဖြစ်ကြောင်း၊ မြန်မာနှင့်တရုတ်နိုင်ငံတို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်ရေးနှင့် မြန်မာ နိုင်ငံမှထွက်ကုန် ပစ္စည်းများ ပါဝင်ပြသရန် ၁၀၈ စတုရန်းမီတာအကျယ်ရှိသည့် ပြခန်းဆောင်တစ်ခုကို အခမဲ့စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။
The 2nd Hunan (huaihua) RCEP Economic and Trade Expo ပြပွဲသို့ တက်ရောက်မည့် မြန်မာလုပ်ငန်းရှင်များအတွက် ၃ ညအိပ် ၄ ရက်စာ တည်းခိုနေထိုင်ရေး (ကုမ္ပဏီတစ်ခုလျှင် အခန်း တစ်ခန်း)နှင့် ဟိုတယ်မှ ပြပွဲသို့ အကြို့/အပို့များကို ပြပွဲကျင်းပရေးကော်မတီက စီစဉ်ပေးမည် ဖြစ်ပါကြောင်းနှင့် ပါဝင်ပြသမည့်လုပ်ငန်းရှင်များ၏ Exhibitor Registration Form ကို ၃၁-၃-၂၀၂၅ ရက်နေ့မတိုင်မီ ပေးပို့ရမည်ဖြစ်ကြောင်း သိရှိရသည်။
The 2nd Hunan (huaihua)RCEP Economic and Trade Expo ပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေး ဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၂၊ E-mail: event.td.myantrade@gmail.com သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သိရှိရသည်။

 

26.03.2025 | Views : 2
ပုံ(၁)

မြို့သစ်မြို့၌ “အပူဒဏ်အန္တရာယ်” ကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့၌ ကျောင်းသားလူငယ်များ “အပူဒဏ်အန္တရာယ်” ကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများကို ပိုမိုသိရှိနိုင်စေရန်အတွက် "အပူဒဏ်အန္တရာယ်" ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြပွဲကို မတ်လ ၂၅ ရက်နေ့က ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြသခဲ့သည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်ကို နွေရာသီကျောင်းပိတ်ရက်အတွင်း ပြည်သူ့          စာကြည့်တိုက်သို့ လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများ လေ့လာဖတ်ရှုကြပြီး နံရံကပ် စာစောင်တွင် “ကြိုတင်ကာကွယ်အပူဒဏ်အန္တရာယ်၊ အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်း၊ အပူဒဏ်ကြောင့်သတိလစ်ခြင်းစသည့်သတိပြုရမည့် အပူဒဏ်အန္တရာယ်အကြောင်းအရာများ၊ အပူရှပ်ခြင်း၊ ရှေးဦးပြုစုခြင်း” စသည်တို့ကို ထည့်သွင်းပြသထားကြောင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အထိမ်းအမှတ်နေ့များ၊ အသိပညာပေး အကြောင်းအရာများကို ကျောင်းသား/ သူများ၊ ပြည်သူများ ပိုမိုသိရှိ‌စေရေး အသိပညာပေးလုပ်ငန်းများဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

26.03.2025 | Views : 1