
ASEAN AHA centre မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အကူပစ္စည်းများ နေပြည်တော်သို့ရောက်ရှိ
နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန် စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာမှလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးလျက်ရှိရာ သက်ဆိုင်ရာနိုင်ငံများအလိုက် ကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာဝန်များနှင့် သူနာပြုဆေးအဖွဲ့များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများသည် မြန်မာနိုင်ငံသို့ နေ့ရက်အလိုက်ရောက်ရှိကြသည်။
ASEAN AHA Centre မှ လှူဒါန်းသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ၊ စုစုပေါင်းပစ္စည်းတန်ချိန် ၅၀၁၃ ကီလိုဂရမ်အား ဖိလစ်ပိုင်နိုင်ငံမှ C-130 လေယာဉ်ဖြင့်တင်ဆောင်၍ ယနေ့နံနက် ၁၀ နာရီ ၁၆ မိနစ်အချိန်တွင် လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်း ၄၃၁၈ ကီလိုဂရမ်အား ဖိလစ်ပိုင်နိုင်ငံမှ C-130 လေယာဉ်ဖြင့်တင်ဆောင်၍ ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ကုန်တန်ချိန် ၁၄၆၉၁ ကီလိုဂရမ်အား မလေးရှားနိုင်ငံ MAI လေကြောင်းလိုင်းဖြင့် တင်ဆောင်၍ မွန်းလွဲ ၁နာရီ ၁၃ မိနစ်တွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ အသီးသီး ရောက်ရှိလာကြသည်။
အဆိုပါ ASEAN AHA Centre မှ လူသားချင်စာနာထောက်ထားမှုဆိုင်ရာ အထောက်အကူပစ္စည်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကိုယ်စား တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။