နိုင်ငံသားစိစစ်ရေးကတ်ပေးအပ် , နိုင်ငံသားစိစစ်ရေးကတ်ပေးအပ်

စစ်တွေမြို့၌ နေရပ်စွန့်ခွာပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များပေးအပ်

 

စစ်တွေ  မေ ၂၉

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စစ်တွေမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အဆင့်(၃)အရ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို မေလ ၂၉ ရက်နေ့ နေ့လယ်ပိုင်းက စစ်တွေမြို့၊ သံဃရာဇဝိဟာဘုန်းရဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာစခန်းများမှ ပြည်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက စစ်တွေမြို့နယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများ စုပေါင်းနေထိုင်ရာ စုရပ် (၅၄) ခု ရှိသည့်အနက် ပထမအသုတ်အနေဖြင့် စုရပ် (၁၇) ခုတွင်ရှိကြသည့် မြန်မာနိုင်ငံသားတိုင်းရင်းသား (၄၈၁) ဦးအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု (၁၆၈)စု တို့ကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ပန်းခင်းစီမံချက်များဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ စစ်တွေမြို့နယ်အနေဖြင့် ပန်းခင်းစီမံချက် အဆင့် (၁) တွင် (၆၃၇၂)ဦး၊ အဆင့် (၂) တွင် (၁၃၁၁၂) ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ စစ်တွေမြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှု၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ကြီးကြပ်မှုတို့ဖြင့် စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာသူများ စုပေါင်းနေထိုင်ရာ စုရပ် (၅၄) ခုကို စုရပ်များအရောက် အလှည့်ကျပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ယခုအိမ်တိုင်ယာရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းအားဖြင့် ပြည်သူလူထုအနေဖြင့် မိမိလက်ရှိနေရပ်တွင် အလုပ် အကိုင်မပျက် ဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများသည် မိမိတို့ ဘဝတိုးတက်မြင့်မားရေးအတွက် မရှိမဖြစ်လိုအပ်သည့်အရာများဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်းအားဖြင့် မိမိတို့သည် မြန်မာနိုင်ငံသားများဖြစ်သည်ကို ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုနိုင်ပြီဖြစ်ကြောင်း၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်သည် မိမိတို့နေ့စဉ်လုပ်ကိုင်ဆောင်ရွက်နေသည့် ကိစ္စရပ်များတွင် မရှိမဖြစ်လိုအပ်သည့်အရာများလည်းဖြစ်ကြောင်း၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်ရရှိပြီးဖြစ်၍ မိဘပြည်သူများအနေဖြင့် မိမိတို့သွားမည့်ခရီး၊ ဆောင်ရွက်လိုသည့် ကိစ္စအဝဝတို့ကို အလွယ်တကူဆောင်ရွက်နိုင်ပြီးဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့က ယာယီနေရပ်စွန့်ခွာ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ပေးအပ်ကြသည်။

ယင်းနောက် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

30.05.2025
လျှပ်စစ်မော်တော်ယာဉ်

လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ

 

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Qingdao CRRC Sifang Rolling Stock Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် GAC TOYOTA BZ4X  အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့်၂၉-၅-၂၀၂၅ရက်နေ့တွင်လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။

သတင်းစဉ်

30.05.2025
၃၁ ရက်နေ့ရွှေဈေးနှုန်း

(၃၁.၁.၂၀၂၅)ရက်နေ့ ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေး (Market Rate)

 

သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာနှင့်အထက်ရှိ စံချိန်မီရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ ဂရမ်)၏ ဈေးနှုန်း (၅,၄၅၀,၀၀၀) ကျပ်

 

ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ

31.05.2025
Huawei မှ လှူဒါန်း

Huawei Technologies Co., Ltd က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ငလျင်ဘေးသင့် ဝန်ထမ်းများအတွက် လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးများ ပေးအပ်လှူဒါန်း

 

Huawei Technologies Co., Ltd မှ Chief Executive Officer ဖြစ်သူ Mr. Zhao You Jun နှင့် တာဝန်ရှိသူများသည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ငလျင်ဘေးသင့်ဝန်ထမ်းများအတွက် လူသုံးကုန်ပစ္စည်းများနှင့်ဆေးဝါးများအပါအဝင် စုစုပေါင်းပစ္စည်း ၁၁ မျိုးအား မေလ ၂၈ ရက် မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊  ရုံးအမှတ် (၁) နေပြည်တော်သို့ လာရောက်ပေးအပ်လှူဒါန်းခဲ့သည်။ 

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က မိမိတို့ဝန်ကြီးဌာနရှိ နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏ ၈၀ ရာခိုင်နှုန်းနီးပါးသည် ငလျင်ဒဏ်ခံကြရသူများ ဖြစ်ကြောင်းနှင့် ငလျင်ဘေးသင့်ဝန်ထမ်းများအတွက် လိုအပ်လျက်ရှိသော ယာယီတဲများ၊ ခြင်ထောင်များ၊ဆေးဝါးများ၊ ရေသန့်စက်နှင့် ဆက်စပ်ပစ္စည်းများ လာရောက်လှူဒါန်းခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက Huawei Technologies Co., Ltd က ပေးအပ်လှူဒါန်းသော ထောက်ပံ့ရေးပစ္စည်းများကို လက်ခံ ရယူပြီး ကုမ္ပဏီ၏ Chief Executive Officer ဖြစ်သူ Mr. Zhao You Jun အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

29.05.2025
သဘာဝဓါတ်ငွေ့

စွမ်းအင်ဝန်ကြီးဌာန ကမ်းလွန်စီမံကိန်းအသစ် “မင်းရဲသူ” စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကျင်းပ

 

စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် မြန်မာနိုင်ငံအခြေစိုက် ထိုင်းနိုင်ငံသားပိုင် ကုမ္ပဏီဖြစ်သော Gulf Petroleum Myanmar Co., Ltd. တို့အကြား မုတ္တမ ကမ်းလွန်လုပ်ကွက် (M-10)(မင်းရဲသူစီမံကိန်း)တွင် ရေနံနှင့်သဘာဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်၊ သုံးစွဲနိုင်ရန်အတွက် ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားရေးစာချုပ် (Production Sharing Contract-PSC) လက်မှတ်ရေးထိုးချုပ်ဆိုပွဲအခမ်းအနားကို မေလ ၂၉ ရက်၊ ညနေပိုင်းက နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။ 

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စု ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ/ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ Gulf Petroleum Myarnmar Co., Ltd. မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံတွင် သဘာဝဓာတ်ငွေ့သိုက်များ အတန်အသင့်ရှိရာ စနစ်တကျထုတ်ယူသုံးစွဲနိုင်ရန် လိုအပ်ပါကြောင်း၊ လက်ရှိထုတ်လုပ်လျက်ရှိသည့် ကမ်းလွန်စီမံကိန်းကြီးများသည် သဘာဝအလျောက် ထုတ်လုပ်မှုများ ကျဆင်းလာနေပြီး စီမံကိန်းပြီးဆုံးမည့်ကာလများလည်း နီးကပ်လာသဖြင့် အလားအလာကောင်းများရှိသည့်လုပ်ကွက်များတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ မုတ္တမကမ်းလွန်လုပ်ကွက် (M-10) (မင်းရဲသူစီမံကိန်း)အား အောင်မြင်စွာလက်မှတ်ရေးထိုး ချုပ်ဆိုဆောင်ရွက်နိုင်သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားခဲ့သည်။

ယခုလိုဆောင်ရွက်ခြင်းဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ရေး လုပ်ငန်းများတွင် ငွေကြေးထည့်ဝင်မှု အားကောင်းလာခြင်း၊ နိုင်ငံခြားဝင်ငွေ ပိုမိုရှာဖွေပေးနိုင်ခြင်း၊ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါက်လာခြင်း၊ ပြည်တွင်းရေနံနှင့် သဘာဝဓာတ်ငွေ့ လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ စီမံကိန်းရည်မှန်းချက်ဖြစ်သည့် ၂၀၂၈ ခုနှစ်အတွင်း ပထမဆုံး သဘာဝဓာတ်ငွေ့ စတင်ထုတ်ယူနိုင်ရေး အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်းနှင့် စာချုပ်ချုပ်ဆိုနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည့် ဆက်စပ်ဝန်ကြီးဌာနများ၊ Gulf Petroleum Myanmar Co., Ltd. မှ ဝန်ထမ်းများ၊ စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် Gulf Petroleum Myanmar Co., Ltd. မှ အမှုဆောင်အရာရှိချုပ်က ကျေးဇူးတင်စကားပြောကြားပြီး      မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် Gulf Petro- leum Myanmar Co., Ltd. အမှုဆောင်အရာရှိချုပ်တို့က မုတ္တမကမ်းလွန်လုပ်ကွက် (M-10) (မင်းရဲသူစီမံကိန်း)အတွက် ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားရေးစာချုပ် (Production Sharing Contract) ကို လက်မှတ်ရေးထိုးချုပ်ဆိုကာ မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြသည်။

နိုင်ငံတော်အနေဖြင့် လက်ရှိအချိန်အထိ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ရတနာ၊ ရဲတံခွန်၊ ဇောတိက၊ ရွှေကမ်းလွန်စီမံကိန်းကြီး လေးခု၊ ထပ်မံ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိသည့် ကမ်းလွန်စီမံကိန်းကြီး နှစ်ခု စုစုပေါင်း ကမ်းလွန်စီမံကိန်းကြီး ခြောက်ခုရှိပြီးဖြစ်သဖြင့် ယခုမုတ္တမကမ်းလွန် လုပ်ကွက် (M-10)(မင်းရဲသူစီမံကိန်း)သည် နိုင်ငံတော်၏ သတ္တမမြောက် ကမ်းလွန်စီမံကိန်းကြီးဖြစ်သကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ပထမဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် ကမ်းလွန်စီမံကိန်းတစ်ခုလည်းဖြစ်ပါကြောင်း သိရသည်။

30.05.2025