international

မန်းရွှေစက်တော်ဘုရားကြီး၏ (၂၅၉၁) ကြိမ်မြောက် ဗုဒ္ဓပါဒပူဇနိယဘုရားပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီး၏ (၂၅၉၁) ကြိမ်မြောက် ဗုဒ္ဓပါဒပူဇနိယဘုရားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။ ဦးစွာ သက်ဆိုင်ရာတာဝန်ရှိသူများက မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပါဒပူဇနိယဘုရား ပွဲတော်ဖွင့်ပွဲအထိမ်းအမှတ် မင်္ဂလာမုခ်ဦးဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နေပြည်တော် လယ်ဝေးမြို့ နဂါးရုံတစ်ထောင် စမတောင်ကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာမင်္ဂလာဓမ္မ ဇောတိကဓဇ၊ ထေရဝါဒဗုဒ္ဓသာသနဇောတိက ဒေါက်တာဘဒ္ဒန္တဝံသသီရိနှင့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်တို့က မင်္ဂလာမုခ်ဦးဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခြင်းအပြင် ဇီဝိတဒါနအဖြစ် ငှက်လွှတ်ခြင်းနှင့် ငါးလွှတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ 

ဆက်လက်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အဖွဲ့ဝင်၊ နေပြည်တော် ပျဉ်းမနားမြို့ အောင်စည်သာကျောင်းဆရာတော် ဘဒ္ဒန္တဝိစက္ခဏနှင့် နေပြည်တော်လယ်ဝေးမြို့ နဂါးရုံတစ်ထောင် စမတောင်ကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တဝံသသီရိ အမှူးပြုသော ဆရာတော်ကြီးများ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက အောက်စက်တော်ရာ (ခြေတော်ရာ) အလင်းပေါက် ဖန်အုပ်စောင်းတော်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ခြင်း၊ အထက်စက်တော်ရာ ပါဒစေတီတော်မြတ် သံတံခါးအား ဖွင့်လှစ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး နမ္မဒါရေစင်နှင့် အမွှေးနံ့သာရည်များ သွန်းဖျန်း၍ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကာ ပင့်ဖိတ်ထားသော ဩဝါဒါစရိယဆရာတော်ကြီးများက ဗုဒ္ဓပါဒ စေတီတော် (ခြေတော်ရာ) နှစ်ဆူနှင့် အောက်စက်တော်ရာ (ခြေတော်ရာ) အနီးရှိ ဘုရားဝတ္တကနယ်မြေ၌ အသစ်တည်ထားကိုးကွယ်သော ဆုတောင်းပြည့် လိုတရနမ္မဒါနဂါးရုံဘုရားအား ဗုဒ္ဓါဘိသေက အနေကဇာတင် ဘိသိက်သွန်းတော်မူသည်။ 

ထို့နောက် တက်ရောက်လာကြသူများက ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ပရိတ်တရားတော်များ နာယူကြည်ညိုကြ၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းများဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ 

မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ကြီးသည် မြန်မာနိုင်ငံ၏ (က) အဆင့်စာရင်းဝင် ဘုရားကြီးဖြစ်ပြီး မြန်မာနိုင်ငံအတွင်း၌ ထင်ရှား ကျော်ကြားပြီး ရက်အရှည်ကြာဆုံးသော ဘုရား ပွဲတော်ကြီးတစ်ခုဖြစ်ကြောင်း၊ ယခုနှစ် မန်းရွှေစက်တော်ရာ ပါဒစေတီတော်ဗုဒ္ဓပူဇနိယ ဘုရားပွဲတော် ကြီးကို ဖေဖော်ဝါရီ ၂ ရက်မှ ဧပြီ ၁၇ ရက်အထိ မဟာသင်္ကြန်ရုံးပိတ်ရက်အပါအဝင် (တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ) ရက်ပေါင်း ၇၅ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရဟန်းရှင်လူမိဘပြည်သူများ ညအိပ် တည်းခိုနားနေနိုင်စေရန် တည်းခိုဆောင်အခန်းပေါင်း ၃၀၀ ကျော်နှင့် ဈေးဆိုင်ခန်းပေါင်း ၃၅၀ ခန့်ကို ဆောက်လုပ်ပေးထားပြီး ယခုအခါ (၂၅၉၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအဖြစ် ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

05.02.2025 | Views : 0
News

The 2024 population and housing censuses have begun in Sagaing Region, Homalin District, and the districts and townships within the region.

The 2024 Population and Housing Censuses have begun in Sagaing Region, Homalin District and the districts and townships within the region. The 2024 Population and Housing Censuses have begun in Sagaing Region, Homalin District and the districts and townships within the region. The 2024 Population and Housing Censuses have begun in Sagaing Region, Homalin District and the districts and townships within the region. The 2024 Population and Housing Censuses have begun in Sagaing Region, Homalin District and the districts and townships within the region.

12.12.2024 | Views : 0
News

The 2024 Population and Housing Census has begun in Magway Region.

The 2024 Population and Housing Census has begun in Magway Region. The 2024 Population and Housing Census has begun in Magway Region. The 2024 Population and Housing Census has begun in Magway Region. The 2024 Population and Housing Census has begun in Magway Region. 

12.12.2024 | Views : 0
News

Disaster Management Center holds work coordination meeting

The Disaster Management Center Coordination Meeting was held this afternoon at the Disaster Management Center of the Ministry of Social Welfare, Relief and Resettlement. The meeting was attended by the Vice Chairman (1) of the National Disaster Management Committee, Union Minister for Home Affairs, Lt. Gen. Ya Pyae, Vice Chairman (2) of the National Disaster Management Committee, Union Minister for Social Welfare, Relief and Resettlement, Dr. Soe Win, Permanent Secretaries, Directors General, Directors General members of the Working Committee, and officials.

12.12.2024 | Views : 0
Local News

ပဲခူးတိုင်းဒေသကြီး ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူလျက်ရှိ

ပဲခူးတိုင်းဒေသကြီး ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူလျက်ရှိပဲခူးတိုင်းဒေသကြီး ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူလျက်ရှိပဲခူးတိုင်းဒေသကြီး ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူလျက်ရှိပဲခူးတိုင်းဒေသကြီး ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူလျက်ရှိ

02.10.2024 | Views : 0