
နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် (the day of national mourning) သတ်မှတ်ကြေညာခြင်း
၂၀၂၅ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ်၊ ၀၂ စက္ကန့်တွင် ပြင်းအား ၇.၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများတွက် စာနာနားလည်မှုများနှင့်အတူ ထပ်တူခံစားလျက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ် ၃၁-၃- ၂၀၂၅ ရက်မှ ၆-၄ -၂၀၂၅ ရက်အထိ (၇)ရက် အား သတ်မှတ်ကြေညာလိုက်သည်။ ထိုရက်များအတွင်း နိုင်ငံတော်အလံအား တိုင်ဝက်လျှော့ချ၍ လွှင့်ထူကြရန်ဖြစ်ပါသည်။
မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
နိုင်ငံတော်ဝန်ကြီးချုပ်
(Source-MWD)

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်သတင်းရယူနိုင်ရေး အသိပေးကြေညာခြင်း
၁။ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁) MICC-1 တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ တက်ရောက်မည့် သတင်းမီဒီယာသမားဉီးရေနှင့် အခမ်းအနား ကျင်းပမည့် နေရာကန့်သတ်ချက်ပေါ်မူတည်၍ A Zone ၊ B Zone ခွဲခြားသတ်မှတ်ကာ သတင်းရယူ စေမည်ဖြစ်ပါသည်။ သို့ပါ၍ အခမ်းအနားတက်ရောက် သတင်းရယူလိုသော လုပ်ငန်း အသိအမှတ်ပြုလက်မှတ်ရယူထားသည့် မီဒီယာများအနေဖြင့် သတင်းမီဒီယာဌာနတစ်ခုလျှင် သတင်းမီဒီယာသမား(၂)ဦးနှုန်းဖြင့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ ရာထူးတာဝန်၊ သတင်းဌာနစသည့် သတ်မှတ်လျှောက်လွှာပုံစံပါ အချက်အလက်များကို ဖြည့်စွက်၍ ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲ (နေပြည်တော်)၊ ၀၆၇-၃၄၁၂၁၄၃၊ iprd.crd.npt@gmail.com၊ (ရန်ကုန်)၀၁-၅၄၄၅၈၂၊ ၀၁-၅၄၄၅၈၃၊ iprd.crd.ygn@gmail.com သို့ ၂၇-၁-၂၀၂၄ ရက်နေ့အရောက် ဆက်သွယ်ဆောင်ရွက်နိုင်ပါ ကြောင်း အသိပေးကြေညာအပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန