
မတ် ၂၈ ရက်က ပြင်းထန်သော မြေငလျင်ကြီး လှုပ်ခတ်ပြီးနောက်ပိုင်း ဧပြီ ၈ ရက် ညနေပိုင်းအထိ နောက်ဆက်တွဲ ငလျင် ၁၀၄ ကြိမ် လှုပ်ခတ်ခဲ့တစ်နေ့ထက်တစ်နေ့ အကြိမ်ရေ လျော့နည်းသွားသကဲ့သို့ ပြင်းအားပမာဏလည်း သိသိသာသာလျော့နည်းသွား
အင်အားပြင်းထန်၍ ဗဟိုချက် အနက်တိမ်သော ငလျင်ကြီးများသည် လှုပ်ရှားပြီးပါက နောက်ဆက်တွဲ ငလျင်များ လှုပ်ရှားနိုင်သည့် အလားအလာရှိကြောင်း၊ ၂၀၁၂ ခုနှစ်ကလည်း အင်အားပြင်းထန်သည့်ငလျင်ကြီး လှုပ်ရှားမှုကြောင့် နောက်ဆက်တွဲ ငလျင် အကြိမ် ၁၀၀ ခန့် လှုပ်ရှားခဲ့ဖူးကြောင်း၊ ရွေ့လျားသွားသော မြေသားများ ပုံမှန်အနေအထားသို ရောက်ရှိရန် ပြုလုပ်ကြရသဖြင့် နောက်ဆက်တွဲငလျင်များ လှုပ်ရှားနိုင်ကြောင်း မိုး/ဇလ က အသိပေးထားပြီး
ဖြစ်သည်။
မတ် ၂၈ ရက် ပြင်းထန်သော ငလျင်ကြီးလှုပ်ခတ်ပြီးနောက်ပိုင်း ဧပြီ ၈ ရက် ညနေပိုင်းအထိ နောက်ဆက်တွဲ ငလျင် ၁၀၄ ကြိမ် လှုပ်ခတ်ခဲ့ကြောင်း၊ တစ်နေ့ထက်တစ်နေ့ အကြိမ်ရေ လျော့နည်းသွားသကဲ့သို ပြင်းအားပမာဏလည်း သိသိသာသာ လျော့နည်းသွားပြီဖြစ်ကြောင်း၊ ဧပြီ ၈ ရက် ညနေ ၅ နာရီ ကျော်က နောက်ဆုံးလှုပ်ခတ်ခဲ့သည့် ငလျင်ပြင်းအားမှာ ရစ်ခ်တာစကေး ၃ ဒသမ ၉ သာရှိကြောင်းသိရသည်။
ငလျင်သည် မည်သည့်နေရာတွင် အင်အားပမာဏ မည်မျှဖြင့် မည်သည့်အချိန်တွင် လှုပ်ရှားမည်ကို ယနေ့အချိန်အထိ ကမ္ဘာပေါ်၌ မည်သည့်နိုင်ငံမှ တိတိကျကျ ကြိုတင်မခန့်မှန်းနိုင်သော သဘာဝဘေးတစ်မျိုး ဖြစ်သည့်အတွက်လည်းကောင်း၊ငလျင်သည် အချိန်၊ကာလ၊ရာသီ မရှိဘဲ အချိန်အခါမရွေး၊ ရာသီမရွေးဖြစ်ပေါ်နိုင်သော သဘာဝဘေးတစ်မျိုးဖြစ်၍လည်းကောင်း မိုး/ဇလ က အသိပညာပေးထားသကဲ့သို ရင်ဆိုင်ဖြေရှင်းနိုင်ရေး ကြိုတင်ပြင်ဆင်မှု အစီအမံများ ဆောင်ရွက်ထားရန်သာ လိုအပ်သည်ဟု သိရှိရသည်။