ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque အား လက်ခံတွေ့ဆုံ

News image

photo

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Mr. Arnaud de Baecque အား မေလ (၁၅)ရက်နေ့ မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား သင်တန်းသူများ လှိုင်မြို့နယ်ရှိ နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာသို့ သွားရောက်လေ့လာ

News image

photo

နေပြည်တော် မေ ၁၄

ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) စခန်းပေါင်းစုံမှ သင်တန်းသား သင်တန်းသူများသည် သင်တန်းနည်းပြများ၊ အုပ်ချုပ်သူများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လှိုင်မြို့နယ်ရှိ နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာသို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၃၃၆ ဦးကို မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးအပ်

News image

နိုင်ငံခြားသားလွှဲပြောင်း

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး(KK Park)နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပါကစ္စတန်နိုင်ငံသား ၃၅ ဦး၊ တောင်အာဖရိက နိုင်ငံသားတစ်ဦး၊ ဗီယက်နမ်နိုင်ငံသား ၂၁၁ ဦးနှင့် အီသီယိုးပီးယား နိုင်ငံသား ၈၉ ဦး၊ စုစုပေါင်း ၃၃၆ ဦးအား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံ

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Neurological Institute of Thailand (NIT) International Conference and Collaboration သို့ တက်ရောက်

News image

 (NIT) International Conference and Collaboration

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် (၁၃-၅-၂၀၂၅)ရက်နေ့မှ (၁၄-၅-၂၀၂၅)ရက်နေ့ထိ ကျင်းပပြုလုပ်မည့် Neurological Institute of Thailand (NIT) International Conference and Collaboration သို့ တက်ရောက်ရန်အတွက်     ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာတင်ထွန်းသည် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊ ဦးနှောက်နှင့်အာရုံကြောဆေးပညာဌာန၊ ပါမောက္ခ/ဌာနမှူး၊ ပါမောက္ခဒေါက်တာ မိုးမိုးဇော်နှင့်အတူ မေလ (၁၂)ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ကြောင်းသိရသည