မိုင်းယောင်းမြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျှော့ချရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗလမင်းထင်ခန်းမ၌  မေ ၆ ရက်နေ့ မွန်းလွဲ ၄ နာရီက နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ လျှော့ချရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက တောမီးရှို့ ခြင်းများ မပြုလုပ်စေရေး၊ မီးခိုးမြူငွေ့ဖုံးလွှမ်းသည့် ကိစ္စရပ်များမဖြစ်ပေါ်စေရေး၊ တောင်ယာမီး၊ တောမီးများ မရှို့စေရန် အသိပညာပေးခြင်း၊ အရေးယူတားဆီးခြင်း၊ သစ်တောများ ထိန်းသိမ်းကာကွယ်ခြင်းတို့ကို ထိရောက်စွာ ဆောင်ရွက်ခြင်းအားဖြင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုများ ထိန်းချုပ် လျှော့ချကြရမည်ဖြစ်ကြောင်း အမှာစကားပြောကြား၍ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးပြီး တက်ရောက်လာသူများက ပြန်လည်ဆွေးနွေးရာ မြို့နယ်အုပ်ချုပ်ရေးမှူးက  လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။