အန္တရာယ်ဖြစ်နိုင်ခြေ သိရှိ သတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်း နည်းပြဆရာသင်တန်းဖွင့်

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်း၍ အန္တရာယ်ဖြစ်နိုင်ခြေ သိရှိ သတိပြုခြင်းနှင့် ဘေးကင်းစွာ ပြုမူနေထိုင်ခြင်း နည်းပြဆရာသင်တန်းကို မတ်လ(၁၇)ရက်နေ့ မှ  (၂၁)ရက်နေ့အထိ ရန်ကုန်မြို့ရှိ Central Hotel တွင်ကျင်းပလျက်ရှိသည်။
အဆိုပါသင်တန်းဖွင့်ပွဲကို မတ်လ (၁၇)ရက်နေ့က ကျင်းပခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌနှင့်အတူ အလုပ်အမှုဆောင်များ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ Weapon Contamination Coordinator နှင့် တာဝန်ရှိသူများ၊ သင်တန်းတက်ရောက်မည့် ကြက်ခြေနီဝန်ထမ်းများတက်ရောက်ခဲ့ကြသည်။