ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟာရီရှ်ချန်ဒရာဂီမီရေးကို လက်ခံတွေ့ဆုံ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟာရီရှ်ချန်ဒရာ ဂီမီရေး အား ၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်းသိရသည်။

ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မန္တလေးငလျင် လှုပ်ခတ်ပြီးနောက် ကယ်ဆယ်ရေးအတွက် မြန်မာအစိုးရ၏ကြိုးပမ်းမှုများအပေါ်   နီပေါနိုင်ငံကပံ့ပိုးကူညီမှုများအတွက်  ကျေးဇူးတင်ရှိကြောင်း  ပြောကြားခဲ့သည်။  နှစ်နိုင်ငံအကြား       ဘုံအကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုခိုင်မာရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းသိရသည်။