ငလျင်ဒဏ်သင့်ဒေသများသို့ လှူဒါန်းမှုများအတွက် ဗဟိုဘဏ်မှ ငွေလွှဲခကင်းလွတ်ခွင့်ပြု

ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းငွေများအတွက် ငွေလွှဲခကင်းလွတ်ခွင့်ပြုကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးထားသည်။ လတ်တလောဖြစ်ပွားခဲ့သည့် အင်အားပြင်းမြေငလျင်ဒဏ်ကြောင့် အခက်အခဲကြုံတွေ့နေရသည့် ဒေသများအတွက် လှူဒါန်းလိုပါက မြန်မာ့စီးပွားရေးဘဏ်၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ (OA-011834) စာရင်း၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)တွင် ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေစာရင်းအမှတ် (0111284000000063) နှင့် မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)က နိုင်ငံခြားငွေစာရင်းအမှတ် (EDN-600018) တို့ကို ငွေလွှဲခ အခမဲ့ဖြင့် လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

Source-မြန်မာနိုင်ငံတော်ဗဟိုဘဏ်