အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၅) နှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) မှ သင်တန်းသားများ၊ နည်းပြအုပ်ချုပ်သူများအား သက်ဆိုင်ရာ သင်တန်းစခန်း အသီးသီးသို့ ပြန်လည်ပို့ဆောင်
နေပြည်တော် မေ ၂၄
အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) နှင့် တန်းမြင့်လေကြောင်းလူငယ် သင်တန်းအမှတ်စဉ် (၁/၂၀၂၅) မှ သင်တန်းသားများနှင့် နည်းပြအုပ်ချုပ်သူများသည် ယနေ့တွင် လေ့လာရေးခရီးစဉ်များ ပြီးမြောက်၍ လေကြောင်းလူငယ်သင်တန်းစခန်းများ ဖွင့်လှစ်ခဲ့သည့် ဒေသအသီးသီးသို့ တပ်မတော် လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင်ရာ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ပြီး သင်တန်းစခန်းအလိုက် သင်တန်းတာဝန်ခံများက သင်တန်းသား သင်တန်းသူများအား မိဘများထံ စနစ်တကျ ပြန်လည်ပို့ဆောင် အပ်နှံပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်