
Visiting the field in Kholam and renting out books and publications
Visiting the field in Kholam and renting out books and publicationsVisiting the field in Kholam and renting out books and publicationsVisiting the field in Kholam and renting out books and publicationsVisiting the field in Kholam and renting out books and publicationsVisiting the field in Kholam and renting out books and publicationsVisiting the field in Kholam and renting out books and publicationsVisiting the field in Kholam and renting out books and publicationsVisiting the field in Kholam and renting out books and publicationsVisiting the field in Kholam and renting out books and publicationsVisiting the field in Kholam and renting out books and publicationsVisiting the field in Kholam and renting out books and publicationsVisiting the field in Kholam and renting out books and publicationsVisiting the field in Kholam and renting out books and publicationsVisiting the field in Kholam and renting out books and publicationsVisiting the field in Kholam and renting out books and publicationsVisiting the field in Kholam and renting out books and publicationsVisiting the field in Kholam and renting out books and publicationsVisiting the field in Kholam and renting out books and publications

အ-ထ-က(ခွဲ) အထက်ပိုင်ကျုံကျောင်း၌ 2023-2024 ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ အ-ထ-က(ခွဲ)အထက်ပိုင်ကျုံကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို ကျောင်းသား/သူများက ကျောင်းကောင်စီသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသခံလူငယ်လူရွယ်များတို့က ဒေသရှိ ဌာနဆိုင်ရာအသီးသီးတွင် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရန်လိုအပ်ကြောင်းကို ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူးမှလည်း ကောင်း၊ ဆုချီးမြှင့်ပွဲကျင်းရခြင်း၏ ရည်ရွယ်ချက်များကို လက်ထောက်မြို့နယ်ပညာရေးမှူးမှလည်းကောင်း၊ ဆုချီးမြှင့်ပွဲဖြစ်မြောက်အောင်မြင်ရေးအတွက် ငွေ/ လူအားထောက်ပံ့ပေးသည့် စေတနာရှင်အလှူရှင်များနှင့်ကျောင်းသားမိဘများအား ကျေးဇူးတင်စကားပြောကြားခြင်းကို အ-ထ-က(ခွဲ) အထက်ပိုင်ကျုံ ကျောင်းအုပ်ဆရာမကြီးမှလည်းကောင်း၊ အထက်ပိုင်ကျုံကျောင်း၌ တက်ရောက်ပညာသင်ယူနေသည့် ကျောင်းသား/ သူများ၏ မိဘများနှင့်စေတနာရှင် အလှူရှင်များ အကြံပေးစကားကို အမှတ်(၅)ရပ်ကွက်အုပ်ချုပ်ရေးမှူးမှလည်ကောင်း အသီးသီး အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဆုချီးမြှင့်ခြင်း ငွေစာရင်းရှင်းတမ်းကို အ-ထ-က(ခွဲ) အထက်ပိုင်ကျုံကျောင်းမှ (အ-လ-ပြ) ဆရာမဒေါ်ဝင်းမာလေးက ရှင်းလင်းပြောကြားပြီးနောက်၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်အောင်မြင်စွာ ဖြေဆိုနိုင်သည့် ကျောင်းသား/ သူများအား တာဝန်ရှိသူများတို့က ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပိုင်ကျုံမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ လက်ထောက်မြို့နယ်ပညာရေးမှူးနှင့် နယ်မြေခံကျောင်းအုပ်ဆရာ/ မများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)

အထူးဒေသ(၄) မိုင်းလားမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ ကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အထူးဒေသ(၄)၊ မိုင်းလားမြို့၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို သိရှိစေရန်နှင့် အာဇာနည်နေ့ကို အစဉ်အမြဲ သတိတရရှိစေရန် ရည်ရွယ်၍ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကို ယနေ့တွင် အ.ထ.က(မိုင်းလား)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် အ.ထ.က မိုင်းလားကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းမေယုခိုင်နှင့် ဆရာ/ဆရာမများက ဇူလိုင်(၁၉)ရက်နေ့တွင် ရောက်ရှိမည့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ မြန်မာတစ်မျိုးသားလုံးအတွက် အားကျအတုယူ မမေ့သင့်သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိအကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား ဟောပြောပြီး စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)