ကြို့ပင်ကောက်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းစီ ပေးအပ်
- 1 view
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးလျှင် ငွေကျပ် (၂၀,၀၀၀) နှုန်းစီ ပေးအပ်ခြင်းကို မေလ ၇ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဇေယျက ယာယီနေရပ်စွန့်ခွာ ပြည်သူတစ်ဦးလျှင် (၂၀,၀၀၀) ကျပ်နှုန်းစီ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုက်ပွဲရှောင်ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက်ထောက်ပံ့ငွေများ ပေးအပ်ရေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကျော်ဇေယျနှင့် အဖွဲ့ဝင်များက ကြို့ပင်ကောက်မြို့နယ်အတွင်းနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စု (၁၇) စုမှ ဝန်ထမ်း (၉)ဦး၊ ပြည်သူ(၃၁)ဦး စုစုပေါင်း(၄၀)ဦးအား တစ်ဦးလျှင် (၂၀,၀၀၀)ကျပ်နှုန်းစီဖြင့် စုစုပေါင်း ငွေ(၁,၆၀၀,၀၀၀)ကျပ်အား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လအတွက် ယာယီနေရပ်စွန့်ခွာ ပြည်သူများ လက်ဝယ်ထံအရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။